12

176 33 4
                                    

"အကိုဂျောင်ဆူးသိလား ကျွန်တော်အတွက်က တော့ အချစ်ဆိုတာရယူခြင်းပဲ အကိုဂျောင်ဆူးက ကျွန်တော်တစ်ယောက်ထဲအတွက်ပဲ Alex ဆိုတဲ့ ကျွန်တော်အမှောင်ဘက်ခြမ်းကို ကျွန်တော်ထုတ်သုံးရတော့မယ်ထင်တယ် "





ကျွန်တော်က အကိုဂျောင်ဆူးကိုနူးနူးညံညံပဲချစ်ခြင်းတာ ၊ ကျွန်တော်ရင်ခွင် ကျွန်တော်အရိပ်အောက်မှာပဲ အကိုဂျောင်ဆူးကိုခိုလှုံခွင့်ပေးခြင်းတာ တစ်ချိန်လုံးအရိပ်တကြည့်ကြည့်နဲ့ ဘေးမှာရှိနေပေးတဲ့ ကျွန်တော်ကိုမမြင်ချင်ယောင်ဆောင်နေတဲ့ အကိုဂျောင်ဆူးကိုမုန်းတယ် အရာအားလုံးကိုစွန့်လွှတ်ပြီ အကိုဂျောင်ဆူးပေးမှာရှိနေတဲ့ ကျွန်တော်ကိုမမြင်ချင်ယောင်ဆောင်ပြီး မနေ့တစ်နေ့ကကောင်ကိုကြတော့ လက်ခံပေးတဲ့ အကိုဂျောင်ဆူးကို ကျွန်တော်မုန်းချင်တယ် ဟားးး





ဆယ်ဟွန်း အရှေ့ကနှစ်ယောက်ကိုကျောခိုင်းလိုက်ပြီ သူ့သွားနေကြ ကလပ်ကိုသာလားခဲ့သည် ကလပ်ထဲဝင်လိုက်တာနဲ့ သီချင်းသံကနားထဲကိုကန့်လန်ဝင်လို့လာသည် ။ ကောင်တာကိုသွားပြီ အပြင်းစားတစ်ခွက်မှာပြီး သောက်လိုက်တော့ အရင်ကချိုမြမြအရသာက အခုတော့ခါးသက်နေသည် ။ ဆယ်ဟွန်း တစ်ခွက်ပြီတစ်ခွက်ထိုင်သောက်နေလိုက်သည် ။ သူ့စိတ်ဖြေဖျောက်မလို့ ကနေတဲ့ မဒီလေးတွေကိုတစ်ချက်ရှိုးလိုက်ပြီ သူ့စိတ်ကြိုက်တွေ့တဲ့ ကောင်မလေးတစ်ယောက်တွေ့တာကြောင့် ထသွားရင်ကောင်လေးတစ်ယောက်နဲ့ဝင်တိုက်မိသည် ။ ဆယ်ဟွန်း တစ်ချက်သာကြည့်ပြီ မဒီလေးရှိကိုသွားမယ်လုပ်တော့ ကောင်လေးက သူ့လက်ကိုလာဆွဲပြီ...






"ဒီမှာ ဟေ့လူ လူကိုတောင်းပန်ရမှန်မသိဘူးလား ခင်ဗျာလုပ်လို့ ကျွန်တော်အင်္ကျီတွေစိုကုန်ပြီဗျ "






ကောင်လေးအသံက တော်တော်စူးသည် ။ ကလပ်သီချင်းသံတောင်ဖုံးအုပ်သည်အထိအသံပါဝါအားကောင်းလေသည် ။ အိပ်ယာထဲမှာဆိုရင်ကော ဆယ်ဟွန်းသူ့အတွေးကြောင့်ခေါင်းကိုခါထုတ်လိုက်ပြီး ဆယ်ဟွန်းကောင်လေးကို သေချာကြည့်လိုက်တော့ သူ့ကိုပြူးပြီးကြည့်နေသည် ။ အရပ်က သူ့ရင်ခွင်လောက်သာရှိပြီ အသားအရေက ဝင်းဝါနေသည် ဆယ်ဟွန်းသူလက်ကိုကိုင်ထားတဲ့ ကောင်လေးလက်ချောင်းလေးတွေကကြည့်လိုက်တော့ သေးသေးသွယ်သွယ်လေးတွေ ။ ဆယ်ဟွန်း သူ့ဘောင်းဘီအိတ်ထဲက ပိုက်ဆံဆယ်ရွက်လောက်ထုတ်လိုက်ပြီ သူ့လက်ကိုကိုင်ထားတဲ့ ကောင်လေးလက်ကိုဆွဲဖြုတ်ပြီ ပိုက်ဆံထည့်ပေးလိုက်တော့ ကောင်လေးကမျက်လုံးပိုပြူးပြပြီ သူ့ကိုစိုက်ကြည့်လာတာကြောင့် ဆယ်ဟွန်းအမူးတောင်ပြေချင်သွားသည် ။ ဆယ်ဟွန်း ချောင်းဟန့်လိုက်ပြီ....







Strawberry and Cigarette 🍓🚬Where stories live. Discover now