"အကိုဂျောင်ဆူး "
"ပြောလေး ဆယ်ဟွန်း"
"ကျွန်တော် အကိုဂျောင်ဆူးကိုအချိန်ဘယ် လောက်ကြာကြာစောင့်နေပါ့မယ် "
"ဆယ်ဟွန်းရာ အကိုမင်းကို ညီလေးတစ်ယောက်လို့ပဲ ချစ်တယ် နောက်ပြီ မင်းကိုအကိုအနားမှာထားပြီ မျော်လင့်ချက်ပေးသလို့ဖြစ်သွားရင် အကိုတောင်းပန်ပါတယ် "
အကိုဂျောင်ဆူးရှိကနေ အကြိမ်ကြိမ်အခါခါငြင်းပယ်ခံရတိုင်း သူ့သေလောက်အောင်နာကျင်သည် ။ ယောက်င်္ကျားတန်မဲ့နဲ့ ကိုယ့်ချစ်ရတဲ့ လူရှေ့မှာ အကြိမ်ကြိမ်မျက်ရည်ကျခဲ့တဲ့ သူ့အဖြစ်က အရမ်းရယ်စရာကောင်းနေသည် ။ သူ့မျက်ရည်ကျတိုင်း အကိုဂျောင်ဆူးက မျက်နှာလွဲခါပြစ်တဲ့ အကိုကိုယ်ကျွန်တော် နာကျင်အောင်လုပ်ပြစ်ချင်သည် ။
'အကိုက ကျွန်တော်အပိုင်ပဲဖြစ်စေရမယ်'
~~~~~~~~
"ချန်းယောလ် မင်းဘယ်လို့လုပ်မလဲလို့ စီစဥ်ထားလဲ"
ချန်းယောလ် စီးကရက်အငွေ့ကိုမှုတ်ထုတ်လိုက်ပြီ...
"Alex ဆိုတဲ့အကောင်ကလည်တယ် သူ့ဘယ်သူ့ဘယ်ဝါဆိုတာလဲ စုံစမ်းလို့မရဘူး နောက်ပြီ သူ့ငါအကြောင်းတွေလဲစုံစမ်းနေလောက်တယ်ဂျုံအင်"
"ချန်းယောလ် မင်းဒီလောကထဲမှာ Loeyဆိုတဲ့နာမည်နဲ့ကျင်လည်နေတာ ငါကနဲ့ ဘတ်ခ်ဟွန်းကလွဲပြီး ဘယ်သူ့မှမသိဘူး အခုကြမှ ဘာကိုစိုးရိမ်နေတာလဲ အစကတော့ မင်းအကြောင်းကို တလောကလုံးသိရင်တောင်ဂရုမစိုက်ဘူးဆိုတဲ့အကောင်က ဘာတွေစိုးရိမ်ပြန်နေတာလဲ အဟားး"
"ငါကြောက်တယ် ဂျုံအင် သူ့တို့ငါ့အားနည်းချက်ကိုသိပြီ ထိခိုက်အောင်လုပ်မှာငါကြောက်တယ်"
ဂျုံအင် ချန်းယောလ်ပြောတာတွေကိုနားမလည်းတာကြောင့်
"နေပါအုံး မင်းအားနည်းချက် ဘာတွေလဲ ငါ့ကိုရှင်းပြစမ်း ချန်းယောလ်"
ချန်းယောလ် စီးကရက်ကိုဖိချေလိုက်ပြီ ခုံအနောက်ကိုမှီလှန်ချလိုက်သည် ။ နောက်မှ ချန်းယောလ် ပြန်ထလိုက်ပြီ သူ့အရှေ့က ဂျုံအင်ကိုကြည့်လိုက်သည် ။
YOU ARE READING
Strawberry and Cigarette 🍓🚬
Fanfictionstrawberry and cigarette သီချင်းနားနေရင် ဇာတ်လမ်းလေးစဥ်းစားမိသွားလို့...ကိုယ့်အရမ်းကြိုက်တဲ့ သီချင်းလေးတစ်ပုဒ်လေးလဲဖြစ် ခနခနနားထောင်တိုင်မရိုးသွားတဲ့ သီချင်းလေးမို့🍓🚬