9

153 30 16
                                    

"ပတ်ခ်ချန်းယောလ် "






ချန်းယောလ် အလုပ်ကိစ္စပြီးရင် သူ့စိတ်ထဲမှာ ကောင်လေးကိုတွေ့ချင်လာတာကြောင့် ကောင်လေးတို့လမ်းဘက်ကို လာရင်မထင်မှတ်ပဲ ကောင်လေးအမေကို လမ်းမှာမူးလဲ​နေ​တွေ့တာကြောင့်ကူညီရင် ကောင်လေးအိမ်ကိုရောက်လာတာဖြစ်သည် ။ သူ့ကိုကျေးဇူးတင်တဲ့ မျက်လုံးတွေ ကောင်လေးသူ့အမေကို စိုးရိမ်တကြီးကြည့်​နေတဲ့ မျက်နှာ မျက်လုံးလေးတွေက အရမ်းချစ်ဖို့ကောင်းသည် ။







"အေးကွယ် အန်တီက အသက်ကလဲကြီးကျန်းမာ ရေးကလဲမကောင်းတော့ အခုတလောမေ့လွယ်နေတာ ခနခနပဲကလေးရယ် ဒါနဲ့သားအသက်က"






"24ပါ အန်တီ"







"သားငယ်လေးထက် သုံးနှစ်ငယ်တာပဲ"







"ဗျာ"





ချန်းယောလ် သူ့ရှေ့က ကောင်လေးကိုကြည့်ပြီ အံသြသင့်မိသွားသည် ။ သူ့ထက်တောင် သုံးနှစ်ကြီးတယ်တဲ့ ။ ဆံပင်ခပ်အုပ်အုပ် ၊ မျက်ခုံးမွှေးထူးထူး ၊ မျက်လုံးဝိုင်းဝိုင်း ၊ အသဲပုံနှုတ်ခမ်းထူးထူးလေးတွေ ၊ အရပ်ကလဲ သူ့ခေါင်းနှစ်လုံးစားလောက်ပုသေးသည် ။ လက်ဖောင်းဖောင်းတုတ်တုတ်လေးတွေကို ချန်းယောလ်ကြည့်ပြီး ကိုက်ဖောက်လိုက်ချင်သည် ။ ချန်းယောလ် ကြည့်နေတာကို သတိထားမိသွားလို့ထင်သည် မျက်နှာလေးရဲပြီး ဟိုဘက်လှည့်သွားသည် ။








"သားငယ် ဒီက ကလေးကိုဧည့်ခံလိုက်ပါအုံးကွယ် မေမေသွားနားချင်လို့"







"ဟုတ်မေမေ သားလိုက်ပို့ပေးမယ်"






"ရတယ်သား မေမေဘာသာသွားမယ်"







"ကလေးရေ အဒေါ်အပေါ်မှာသွားနားလိုက်အုံးမယ်ကွယ် သားငယ်နဲ့စကားပြောကြအုံးပေါ့"






"ဟုတ်ကဲ့ အန်တီအေးဆေးနားပါ "







"ချန်းယောလ် ဒီမှာထိုင်အုံးနော် အကိုပြန်လာခဲ့မယ်"








ချန်းယောလ်ကို နေရာချထားပေးပြီ အိမ်ထဲကို လုံးတုံးတုံးနဲ့ပြေးဝင်သွားသည် ။ သူ့ကိုယ်သူကလဲ အကိုလို့သုံးသွားသေး ချန်းယောလ် အတွေးတစ်ခုပေါက်ပြီးရယ်ချင်သွားသည် ။ ကြီးရင်ချီ ငယ်ရင်မှီဆိုတဲ့ စကားပုံတိုင်း ကောင်လေးက သူ့ကိုချီရတော့မဲ့ ပုံစံကိုတွေးပြီ ရယ်ချင်ပကျိဖြစ်သွားတော့သည် ။ ခနနေတော့ လက်ထဲမှာဗန်းတစ်ခုကိုင်ပြီ ရောက်လာသည် ။







Strawberry and Cigarette 🍓🚬Where stories live. Discover now