"ပတ်ခ်ချန်းယောလ် "
ချန်းယောလ် အပြင်သွားမလို့ခြေလှမ်းပြီမှာ သူ့အဖေခေါ်သံကြောင့် ခြေလှမ်းတွေရပ်သွားရသည် ။ ချန်းယောလ် စိတ်မရှည်သလို့ သူ့အဖေကိုကြည့်လိုက်တော့...
"လာပါအုံး ဒီနားကို မင်းကိုစောင့်နေရတာနဲ့တင် ငါ့အလုပ်တွေလဲနောက်ကျ ၊ ပြန်လာတော့လဲ မိုးချုပ် လူအိပ်ချိန်မှပြန်ရောက် ၊ မင်းမျက်နှာကိုမြင်ရဖို့ကို ငါ့မှာထိုင်စောင့်..."
"လိုရင်းကိုပြောဗျာ"
ချန်းယောလ် သူ့အဖေရဲ့မပြီးနိုင်မစီးနိုင်စကားတွေကို့ဖြတ်ပြောလိုက်၏ ။ သူ့အဖေက သူ့ကိုတစ်ချက်ကြည့်ပြီး ချောင်းဟန့်လိုက်သည် ။
"ငါလက်ထပ်တော့မလို့ အဲ့တာမင်းကိုအသိပေးတာ"
"ဘယ်လို့"
ချန်းယောလ် အံ့သြသွားမိသည် ။ သူ့အဖေက ဒီအရွယ်ကြီးရောက်မှ လက်ထပ်မယ်တဲ့ ချန်းယောလ်မေမေသည် ဆုံးသွားတာကြာပြီဆိုပေးမဲ့ ဖေဖေက ဘယ်မိန်းမနဲ့မှ အရှုပ်အရှင်းမရှိခဲ့ပါ ။ အခုမှ လက်ထပ်မယ်ဆိုတော့ ချန်းယောလ် အံ့သြသွားမိသည် ။
"သူ့က ဘယ်သူ့လဲ ၊ ဘယ်ကလဲ ၊ ဘယ်လို့မိန်းကလေးလဲ ၊ ဘယ်မှာနေတာလဲ ကျွန်တော်သွားကြည့်ပေးမယ် သင့်တော်မသင့်တော်ဆိုတာ"
"မင်းက ငါ့အဖေလား ၊ ဘယ်လို့မိန်းကလေးမှမဟုတ်ဘူး ငါ့ငယ်ချစ်ဦး ၊ မင်းလဲ သိပါတယ် မင်းအမေသေပြီးထဲက ငါ့ဘယ်မိန်းမနဲ့အရှုပ်အ ရှင်းမရှိခဲ့သလို မင်းအပေါ်လဲ ဖခင်ကောင်းတစ်ယောက်အဖြစ်နေခဲ့ပေးတယ် ၊ အခုက မင်းကို အသိပေးယုံသက်သက်ပဲ "
"အော်"
ချန်းယောလ် "အော်" သာပြောပြီအပြင်ထွက်လာခဲ့သည် ။ ရင်ထဲမှာလဲ အလိုမကျသလို မွန်းကြပ်နေသည် ။ သူ့အနေနဲ့တော့ သူ့အဖေမိန်းမယူမှာကိုတော့ ကန့်ကွက်စရာမရှိပါ ။ ချန်းယောလ် ဂျုံအင်းတို့နဲ့ရှိကိုလဲ မသွားချင်တော့တာကြောင့် လမ်းဘေးတစ်နေရာမှာကားကိုရပ်ထားလိုက်သည် ။ ချန်းယောလ် ကားကိုမှီလိုက်ပြီ စီးကရက်ဖွာနေလိုက်သည် စီးကရက်အငွေ့တွေနဲ့အတူ သူ့ရဲ့စိတ်ညစ်ညမ်းမှုတွေပါ ပါသွားရင်ကောင်းသား ။
"အိုဆယ်ဟွန်း ရပ်စမ်း!"
"မိအောင်လိုက်လေး အကိုဂျောင်ဆူး"
ချန်းယောလ် အသံကြားပေးမဲ့လှည့်မကြည့်ခဲ့ပါ ။ ခနကြာတော့ သူ့ဘေးနားတွေ ကောင်လေးနှစ်ယောက်ဖြတ်ပြေးသွားသည် ။ စတော်ဘယ်ရီခပ်သင်းသင်းနံလေးက ချန်းယောလ်စိတ်အာရုံအားလုံးကိုဖမ်းယူသွားတာကြောင့် ချန်းယောလ် သူ့ရှေ့က ပြေးထွက်သွားတဲ့ ကောင်လေးနှစ်ယောက်ကိုကြည့်လိုက်မိသည် ။ အရပ်ရှည်ရှည်ပိန်ပိန်ပါးပါးကောင်လေးက သေးသေးပုပုလေးကောင်လေးကိုစပြီပြေးနေသည် ။ ချန်းယောလ် အကောင်သေးသေးလေးရဲ့ကျောပြင်ကိုကြည့်ပြီး ရင်ဘတ်ထဲတွေ့တဒုန်းဒုန်းနဲ့ခုန်ပေါက်နေ၏ ။ ဟိုတလောက သူ့စိတ်အာရုံကိုဖမ်းစားသွားတဲ့ ကောင်လေးဖြစ်နေသည် ။
"ကောင်လေး လူတွေက သုံးခါတွေ့ရင်ဖူးစားတဲ့ မင်းနဲ့ ကိုယ့်နဲ့က နှစ်ခါရှိပြီနော် „ နောက်တစ်ခါ ဆိုရင် မင်းက ကိုယ့်အပိုင်ပဲ"
**************************
7.1.2023
YOU ARE READING
Strawberry and Cigarette 🍓🚬
Fanfictionstrawberry and cigarette သီချင်းနားနေရင် ဇာတ်လမ်းလေးစဥ်းစားမိသွားလို့...ကိုယ့်အရမ်းကြိုက်တဲ့ သီချင်းလေးတစ်ပုဒ်လေးလဲဖြစ် ခနခနနားထောင်တိုင်မရိုးသွားတဲ့ သီချင်းလေးမို့🍓🚬