"ဆယ်ဟီး လာလေ ကိုယ့်မင်းတို့ကိုစောင့်နေတာ"
"ကားလမ်းတွေပိတ်နေတာနဲ့နောက်ကျသွားတာ အကို စောင့်ရတာကြာသွားလား "
ဆယ်ဟီးဆိုတဲ့ အမျိုးသမီးက သူ့အဖေရှေ့မှာဝင်ထိုင်လိုက်သလို့ ၊ သူ့ရဲ့သားကလဲ သူ့ရှေ့မျက်နှာချင်း ဆိုင်မှာဝင်ထိုင်လိုက်သည် ။ သူ့အရှေ့က ကောင်ကို သူ့သိတာပေါ့ ၊ ဟိုတလောက သူ့ရဲ့စတော်ဘယ်ရီသီးနဲ့ အတူတွေ့ခဲ့တဲ့တစ်ယောက်ဖြစ်နေသည် ။ ကမ္ဘာကြီးက ကျဥ်းကျဥ်းလေးပဲ ။ အခု ချန်းယောလ်ရှေ့မှာ ထိုင်နေတဲ့တစ်ယောက်က တစ်လောကလုံးကို သူ့တင်ကျွေးထားတဲ့မျက်နှာဘေးနဲ့ ရုပ်ကိုကဖြတ်ရိုက်ချင်စရာ ။ အဆိုးဆုံးက သူ့စတော်ဘယ်ရီနားလေးမှာ ရှိနေတာကိုလုံးဝမကြိုက်ပါ ။ သူ့ကနောက်မှပဲရောက်ရောက် အရှေ့မှပဲရောက်ရောက် စတော်ဘယ်ရီသီးလေးက သူ့အပိုင်...
"အဟက်"
ပတ်ဂျီဆန်း သူ့သားနဲ့ ဆယ်ဟီးသား တစ်ယောက်နဲ့ တစ်ယောက်ရုပ်တည်ကြည်တွေနဲ့ မျက်လုံးချင်းစစ်ခင်းနေတာကြောင့် မနေနိုင်တော့တဲ့ သူ့ကပဲ ချောင်းဟန့်လိုက်ပြီ...
"ဆယ်ဟီး သူ့က အကိုသား ပတ်ခ်ချန်းယောလ်"
"ဟုတ်ကဲ့အကို „ သူက ကျွန်မသားအိုဆယ်ဟွန်း"
ဆယ်ဟီး သူ့သားနဲ့ အကိုသားက ရောက်ထဲကတစ်ယောက်နဲ့ တစ်ယောက်အကြည့်နဲ့တင် သတ်နေတာကြောင့် သူ့စိတ်ထဲတော့နေလို့မကောင်းပါ အကိုက သူ့အချစ်ဦး အကိုမိဘတွေကချမ်းသာသည် ။ သူ့ကတော့ ဆင်းရဲတာကြောင့် အကိုမိဘတွေက သဘောမတူခဲ့ပါ ။ နောက်တော့ အကိုကလက်ထပ်လိုက်ပြီးဆိုတဲ့ သတင်းကြားပြီ ၊ အကိုနဲ့ဝေးခဲ့ရသည် ။ နောက်တော့ သားအဖေ နဲ့တွေ့ခဲ့ပြီ ယူခဲ့တာဖြစ်သည် ။ သားအဖေက ကိုရီးယား လူမျိုးမဟုတ်ပါ ကပြားလူမျိုးဖြစ်တာကြောင့် သားမျက်နှာက ကပြားရုပ်ပေါက်သည် ။မျက်နှာက vပုံသဏ္ဍရှိသလို မျက်လုံးလေးက ညိုဖန်ဖန်ဖြစ်သည် ။ ဆယ်ဟီး အကိုနဲ့ပြန်တွေ့ခဲ့တော့ အကိုက သူ့ကိုတောင်းပန်ခဲ့သည် ။ အမှန်တိုင်းပြောရင် ဆယ်ဟီးအကိုကိုယ်ချစ်သည် ။ စကားပုံတောင်ရှိကြသေးတယ်မှတ်လား "အချစ်ဦးက မြေဦးရတဲ့အထိမမေ့ဘူးဆိုတာကိုပေါ့”...

YOU ARE READING
Strawberry and Cigarette 🍓🚬
Fanfictionstrawberry and cigarette သီချင်းနားနေရင် ဇာတ်လမ်းလေးစဥ်းစားမိသွားလို့...ကိုယ့်အရမ်းကြိုက်တဲ့ သီချင်းလေးတစ်ပုဒ်လေးလဲဖြစ် ခနခနနားထောင်တိုင်မရိုးသွားတဲ့ သီချင်းလေးမို့🍓🚬