11

177 30 7
                                    

*သားမှာ ချစ်သူရှိတယ်မေမေ *




"သားမှာချစ်သူရှိတယ်ဆိုရင်တော့ မေမေသားကိုတွန်အားမပေးတော့ပါဘူး ။ သားသဘောပါ သားပျော်တယ်ဆိုရင်မေမေ ပျော်ပါတယ်သားရယ်"




"ကျေးဇူးပါမေမေ သား မောင်အားတဲ့တစ်နေ့ကြရင် မေမေနဲ့မိတ်ဆက်ပေးပါ့မယ်"




"အေးပါသားရယ် သွားအိပ်တော့လေ မေမေလဲဆေးသောက်ပြီ အိပ်တော့မယ်"




"ဟုတ်မေမေ"



ဂျောင်ဆူး မေမေကို​​​ဆေးတိုက်​ပြီ​မေ​မေအခန်းထဲကထွက်လာလိုက်သည် ။ မအိပ်ချင်သေးတာကြောင့် ဆိုင်ရှေ့ကခုံမှာထိုင်ပြီ ရှင်းလင်းနေတဲ့လမ်းကိုသာ အကြောင်းမဲ့ငေးမောစွာကြည့်နေမိသည် ။ သူ့မေမေကိုလိမ်ညာမိတာကြောင့် သူ့စိတ်သူမလုံပါ ။ တကယ်တော့ ဂျောင်ဆူးမှာချစ်သူရည်းစားမရှိချင် ဆယ်ဟွန်းကို ညီ​လေးတစ်​ယောက်လိုသာချစ်သည် အဲ့ထက်တော့ဆယ်ဟွန်းအပေါ်မှာမပိုမိပါ ။ ဂျောင်ဆူး အတွေးများနေတုန်းထိုင်ခုံမှာ လူဝင်ထိုင်တဲ့အထိအတွေ့ကြောင့် အလန့်တကြားကြည့်လိုက်မိတော့..






"ကိုကို ကျွန်တော်တစ်ယောက်လုံးရောက်နေတာတောင်ကိုကိုဘာတွေအတွေးများနေတာလဲ"





"ဟို...ချန်းယောလ်က ဘယ်ကနေဘယ်လို့ဒီကိုရောက်လာတာလဲ"







"ကိုကို ကျွန်တော်နာမည်ကိုမှတ်မိသားပဲ ကျွန် တော်ကမမှတ်မိလောက်ဘူးထင်နေတာ"






"မမှတ်မိပဲနေမလား ကိုယ်ကို ချန်းယောလ်တစ်ယောက်ထဲ ကိုကိုလို့ခေါ်တဲ့အပြင် မေမေရဲ့ကျေးဇူးရှင်ဖြစ်နေတာကို "






"ကိုကို ဒီနေ့ကြမှကောင်ကင်ကြီးက ကြယ်တွေစုံပြီ ပိုလှနေသလိုပဲနော် "





ဂျောင်ဆူးလဲ ကောင်ကင်ကိုမော့ကြည့်လိုက်တော့ ချန်းယောလ်ပြောသလို ကြယ်တွေစုံပြီကောင်ကင်ကလှနေသည် ။ ဒီအချိန်မှာ စတော်ဘယ်ရီအသီးကိုစားပြီ ကောင်ကင်ရဲ့အလှကိုထိုင်ငေးချင်လာမိသည် ။





"ကိုကိုရော့ "





ဂျောင်ဆူးလက်ထဲကိုရောက်လာတဲ့ စတော်ဘယ်ရီဘူးဖြစ်​နေသည် ။ ဂျောင်ဆူး ချန်းယောလ်ကိုကြည့်လိုက်တော...





Strawberry and Cigarette 🍓🚬Where stories live. Discover now