Part (1)

5.2K 268 57
                                    

[Unicode]

တူ~တူ~တူ

အခိုးတငွေ့ငွေ့နှင့် အရှိန်အဟုန်သတ်စွာ ရပ်ဆိုင်းလာကြပြီဖြစ်တဲ့ အနက်ရောင်မီးရထား‌တွေ။ ခေါင်းတိုင်ထိပ် အငွေ့တစ်လူလူနှင့် ဒီရာစုနှစ် 1995။

‌ရထားဆိုက်သည်နှင့် မြေပြင်ပေါ်သို့ခုန်သက်စွာဆင်းလာသော ‌ဆယ်ကျော်သက်ကောင်လေးတစ်ယောက်။ လက်ထဲမှ ဆေးလိပ်ရိူက်နေသည်ကိုလဲမရပ်။ ဆံပင်ရွှေအုပ်ရောင်ခပ်အုပ်အုပ်ဟာဆံပင်ရွှေအုပ်ရောင်ခပ်အုပ်အုပ်ဟာလဲ ပြေးလွှားလိုက်တိုင်း စည်းချက်ညီညီ ခုန်ဆွခုန်ဆွ။

ကုတ်အရှည်အညိုကြီးကို အပေါ်မှာလွှားခြုံထားရင်းဖြင့် ဟိုး၀င်ဒီထွက်စပ်စုနေသောကောင်လေးဟာ ဒီမြို့သားမဟုတ်ခဲ့ပေ။

တစ်မြို့လုံး သူ့ခြေလှမ်းတွေထင်နေပါတော့မည်။ မီးရထားဆိုက်ထဲကလျှောက်သွားနေသည် လိုရာကိုမသွားပဲနှင့်ထိုသို့ ခြေဗွေကလဲပါသေးသည်။

သို့သော် ခြံလှမ်းအစုံဟာ အပြာရောင်ခြံတံခါးအရှေ့တွေရပ်သည်။ထိုတံခါးထိပ်တွင် ရွှေဆိုင်းဘုတ်လေး၌ နာမည်ထိုးထားသည်။ Kimဆိုပြီးလေ။ ဝါးနေသော ပီကေအား ထွေး၍ခြံထဲသို့ခိုး၍ကြည့်နေသော လူငယ်။

လူခြေတိတ်ဆိတ်သောရပ်ကွက်။ ခြံအကျယ်ကြီးတွေနှင့် သီးခြားစီနေသောလူမူပတ်၀န်းကျင်မို့ ဆိတ်ငြိမ်လိုက်သည်ဆိုတာ အပ်ကျသံပင်မကြားရ။

အလွန်ပမာကျယ်၀န်းသော ခြံထဲတွင်ပန်းတွေစုံလင်စွာ စီစီရီရီစိုက်ပျိုးထားသည်။ခြံထဲကိုအပေါက်မှလှမ်းချောင်းလျင် စက်ဘီးတစ်စီးရပ်ထားတာမြင်ရသည်။ ဒန်းအဖြူလေးတစ်ခုသည်ပန်းခင်းဘေးတွင်နေရာယူထားသည်။။စားပွဲလှလှလေးတစ်လုံးလဲရှိသည်။ ထိုင်ခုံနှစ်ခုနှင့်။

သပ်သပ်ရပ်ရပ်စီစီရီရီနေချင်စဖွယ် ပန်းဥယာဉ်လေးကဲ့သို့။ နတ်သုဒ္ဒါများဖြာနေသည်ထင်ရသည်။ အတော်ချမ်းသာလိုက်ပုံများ။

"Excuse me.."

"ဟိတ် ကောင်လေး.."

ခြံရှေ့ရှေ့ရစ်သီရစ်သီလုပ်နေသော ကောင်လေးအား ခြံစောင့်မှ တံခါးဖွင့်ပေးလိုက်သောအခါ အိမ်ထဲသို့သူဟာသူ၀င်သွားသည်။သူ့အိမ်ပမာ ကုတ်အရှည်ကြီးထဲလက်ထည့်၍ဖြင့်။ သူ့အိမ်လဲမဟုတ်ဘဲနှင့်လက်ရဲဇက်ရဲနိုင်လွန်းတာလဲ သူ့အကျင့်။

သခင်Where stories live. Discover now