Part (3)

1.5K 202 94
                                    

[Unicode]

"ခင်ဗျားပြောတော့ စာမသင်ပေးဘူးဆို"

"အဟမ်း! ငါ့နားမှာနေပြီရေးတတ်ဖတ်တတ်တော့ သိထားရမယ်၊ငါကစာရေးဆရာတစ်ယောက်မို့"

"အကြောင်းပြချက်ကြီးက မခိုင်လုံလိုက်တာ"

"ဘာ! "

"မဟုတ်ပါဘူး~ဒီစာလုံးရဲ့အသံထွက်က Aနော်"

အမြန်ပင်စကားလမ်းကြောင်းလွှဲလိုက်တော့ သခင်က ခပ်ထေ့ထေ့ပြုံးသည်။ သခင့်အပြုံးက ယောကျာ်းဆန်သည်။

"ဒီကနေ ဒီအထိကို သုံးကြောင်းစီရေးလာခဲ့"

"သုံးကြောင်းတောင် မများဘူးလား?"

"လက်ရေးလှလှရေးခဲ့"

သင်နေရာကနေထသွားသော သခင့်အနောက် စာအုပ်လေးပိုက်ပြီးလိုက်မိသည်။

"ကျနော်ကညာဏ်ကောင်းတယ်၊ တစ်ခေါက်ထဲနဲ့ရတယ်"

ပြောပြောဆိုဆိုနှင့်ထွက်သွားသော ဂျောင်ကု။ သခင်ကဒါဆို သူကဟိုဟာ။ မင်းကိုပုံစံခွက်ထဲကိုရအောင်ထည့်ရမယ်။

"ဘာတွေတုန်းသား~"

"ဒါစာလုံးတွေအန်တီငယ်၊ သခင်ဆိုတဲ့လူက သင်ပေးလိုက်တာ"

"ဒါဆို သားလေးကစာတတ်တော့မှာပေါ့"

"စာ‌တတ်တော့ဘာလုပ်လို့ရလဲ အန်တီငယ်.."

"ပညာတတ်တစ်ယောက်ဖြစ်ရတာ ဘယ်လောက်တောင် ကောင်းလိုက်သလဲသားရယ်၊ စာမရလို့လူလိမ်လဲမခံရတော့ဘူးပေါ့"

"သခင်ခေါ်နေတယ်ဗျို့.."

"အေးအေး လာပြီ၊ စာသေချာလုပ်ကလေး၊ အန်တီငယ်သွားလိုက်ဦးမယ်"

အန်တီငယ်က ကပြာကယာထွက်သွားလေသည်။ စာမတတ်တော့ရော ဘာဖြစ်။ သတ္တိရှိရင်လိမ်ကြည့်ပါလား။ လက်သီးကမျက်နှာမရွေးဖြစ်သွားမယ်။ ဂျွန်ဂျောင်ကုကိုများဘာမှတ်နေလဲမသိဘူး။

"အခုတော့ ဒါရေးလိုက်ဦးမယ်.."

ညဝိုင်းထမင်းစားပြီးလို့ အစေခံတန်းလျားလာတဲ့အခါ ပြတင်းပေါက်ရဲ့လိုက်ကာပေါ်က အရိပ်ကလေးသည် စာရေးနေသည်။ အထဲကမီးခွက်လေးရဲ့အလင်းရောင်နဲ့ လိုက်ကာပေါ်အရိပ်ထင်နေသော ကောင်လေးက ထိုင်ခုံမှာထိုင်ပြီးစာရေးနေသည်။

သခင်Where stories live. Discover now