Part (7)

1.1K 161 35
                                    

[Unicode]

သခင့်ကိုလွမ်း‌တဲ့စိတ်ပဲဖျောက်မရ။ ဘယ်နှစ်ရက်ရှိပြီလဲမသိတဲ့အထိ သခင့်အသံအားမကြားရတာကြာပေသည်။ စာတစ်စောင်ရေးချင်သော်လဲ သခင်သင်ပေထားသောစာတွေက မပေါင်းတတ်သေးပေ။

"သားငယ် "

"ဟုတ် အန်တီငယ်.."

"သခင့်အခန်း အိပ်ရာခင်းရပြီ .."

အခင်းတွေအထပ်လိုက်အန်တီက ကျနော့်လက်ပေါ်တင်ပေးသည်။ သခင်သွားသည့်နေ့ကစလို့ သခင့်အခန်းကိုကျနော်တာ၀န်ယူရတယ်။ ဖုန်တစ်စက်မရှိစေရ။ သခင်ကအသန့်ကြိုက်တယ်လေ။ ပန်းတွေရေလောင်းဖို့ကျနော်မမေ့။ သခင်မရှိလဲ ကျနော်ပြုလုပ်ထားဆဲပင်။

ခိုင်းစေတဲ့အမိန့်မရှိဘဲ နာခံလာတတ်တဲ့ အသွေးအသားတွေ ဆောက်တည်လာတယ်။

အရင်လိုအပြစ်လုပ်ချင်ပါသည် သခင့်ဆီကဆူတာခံချင်သည်လေ။ အဲ့လောက်တောင်လွှမ်းမိုးပါသည် အရှင်သခင်ရယ်။

သခင့်အခန်းအားသေချာသိမ်းဆည်းပြီး သန့်ရှင်းရေးလုပ်ပြီးကာ ခနထိုင်နေမိတယ်။ အိမ်မှာလုပ်စရာရေရေရာရာမရှိ  ကျနော်ပျင်းရန်ကော။

"ဗျို့ဟေ့..  စာလာတယ်"

ဂျက်ရဲ့အသံကတစ်အိမ်လုံးကို တုန်လူပ်စေတာအမှန်ပင်။ ကျနော်ပင်ချော်လဲမတတ် ထပြေးမိတာ။ သခင့်ဆီက စာ။

"ဒီမှာ စာလာတယ် "

"ကျုပ်တို့က စာမဖတ်တတ်ဘဲ ဘယ်လိုလုပ်သိမတုန်း"

ဂျက်က စာအိတ်လေးကိုမြောက်ပြရင်းတစ်အိမ်လုံးက အိမ်စေတွေက ၀မ်းသာနေကြသည်။ သို့သော် အန်တီငယ်ဆီက စကားကြောင့် ကျနော့်ခြေထောက်တွေလဲ လှေကားထစ်ပေါ်၌ရပ်တန့်ကုန်သည်။ ကျနော်တို့စာမဖတ်တတ်ဘဲ ဘယ်လိုသိမတုန်း။

"ပြကြည့် ဂျက်"

ဂျက်ဆီက စာအိတ်အား ယူ၍ဖွင့်တော့ အနား၌တစ်ခြားအိမ်စေတွေကလဲ သိချင်နေကြ၏။ ဒီအိမ်ဟာ အဲ့လောက်ထိသခင့်ကိုသံယောဇဉ်ရှိကြသည်။

"အင်္ဂလိပ်တွေ ငါတို့မဖတ်တတ်ဘူးလေ ဂျောင်ကု"

"ဒီအောက်မှာ K i m "

ကျနော်ကအက္ခရာတွေကိုသင်ပေးထားတာမို့ သိနေလေပြီ။ တစ်လုံးချင်းဖတ်ပြတော့ ဂျက်ကမေးသည်။

သခင်Where stories live. Discover now