[Unicode]
တစ်နေကုန် ဒီခုံ၌ထိုင်နေရသည်။ သခင်က ခြေဖဝါးတောင်အပြင်မထွက်ခံ။ အကိုနဲ့အပြင်လေးလိုက်သွားတာကို ကျားကိုက်တော့မလိုဘဲ။
"အပြင်မထွက်နဲ့ ငါ့အမိန့်ပဲ "
"ကိုယ့်ဘာသာ အိပ်စရာရှိတာအိပ်စမ်းပါ"
ကုတင်ပေါ်ကနေလှဲလိုက် ပြန်ထိုင်လိုက်လုပ်နေသောသခင်က စိတ်မချ။ ဒီသခင်ကရူးနေတာ။ စိတ်ကိုမမှန်ဘူး ။ စိတ်ထဲရေရွတ်နေရင်း လက်ပိုက်ပြီးသာ ထိုင်ကြည့်နေလိုက်သည်။ တစ်ခနကြာအောင်ထိ သခင့်အသံအားမကြားရတော့ပေ။ ထိုအစား အခန်းတွင်း ဟောက်သံလေးတွေပျံ့နှံ့လာကာ သခင်အိပ်စက်ချေပြီ။
"အရူးဘဲ သခင်"
အိပ်နေတဲ့ကုတင်းအနား ခြေသံလုံလုံနှင့်လျှောက်ရင်း။ သခင်ကုတင်ဘေးနားအသာလေးထိုင်မိသည်။ အိပ်နေတော့လဲ ဖြူစင်ပါရော။
ရှင်းသန့်နေတဲ့မျက်နှာချောချောနှင့် သခင့်မျက်၀န်းညိုညိုက ပိတ်ထားလျက်ပင် ဘယ်လောက်တောင်ချောလိုက်ပါဘိ သခင်ရယ်။
ခန္ဓာကိုယ်ရဲ့တုံ့ပြန်ချက်တွေကြား လက်ညိုးလေးက သခင်နဖူးပေါ်ဝဲကျနေတဲ့ဆံနွယ်တွေကို သပ်တင်ပေးမိသည်။ ဖွဖွယယ တို့ထိမိတဲ့ ဒီအထိအတွေ့လေး ။
"သခင်က ချောတယ် .. "
ခပ်ဖြာဖြာလေးပြုံးရင်း သခင်အိပ်နေတာကို ထိုင်ကြည့်နေမိသည်။ သခင်ကအမိန့်ဆန်သလောက် ရုပ်ကနူးညံ့ပါတယ်။ မောက်မာမယ်ထင်သလောက် သိမ်မွေ့သည်။
"သခင်က အရူးဘဲ.."
× × ×
"အကိုက မရောက်ဖူးဘူးလေ"
"အီဖယ်တာဝါကအရမ်းလှတာ အကိုမသိလို့"
"လမ်းသိရင် အကို့ကိုလိုက်ပို့လေ "
"ကျနော်တောင်မရောက်ဖူးဘူးတစ်ခါမှ "
ညနေခင်းခြံထဲကပန်းတွေရေလောင်းတော့ အကိုက ဒန်းပေါ်စာဖတ်နေသည်။ ဒန်းပေါ်ကနေ ကျနော့်ကိုတစ်ချက်တစ်ချက် လှမ်းစကားပြောနေရင်းနှင့်
"အကိုတို့တူတူသွားကြမလား ရောက်ဖူးအောင်"
"သခင်က ကျနော့်ပါးမချ ကံကောင်း"
