[Unicode]
"မောင် "
"ဗျာ မင်းဘယ်လိုခေါ်လိုက်တာလဲ ဂျောင်ကု"
"ကျနော့်ဆီကအဖြေက ချစ်တယ်တဲ့"
ပြတင်းပေါက်နားကသခင်ဟာ ကျနော့်ဆီလာလို့ လက်တွေကိုစုပ်ကိုင်ထားရင်းဖြင့်။
"တစ်ခါ တစ်ခါလောက်ထပ်ပြီး ပြောပေးပါလား"
"မောင် ကျနော်ကချစ်တယ်မောင့်ကို"
ဆွေ့ခနဲပွေ့ဖက်မူနဲ့အတူ တင်းတင်းကြပ်ကြပ်။
မလွှတ်တမ်းဖက်ထားသောသခင်ကိုပြန်လည်၍သိုင်းဖက်မိသူဟာ ကျနော်။"သခင် ကျနော်အလုပ်လုပ်ဦးမယ်"
"မင်းလုပ်စရာမလိုဘူး "
"မဟုတ်ဘူးလေ "
အတင်းရုန်းကာရင်ခွင်ထဲကထွက်မိတော့ သခင်က လွတ်ပေးသည်။
"ကိုယ်နဲ့ အခုက မေတ္တာသက်၀င်နေကြပြီလား၊ ကိုယ်တို့က ချစ်သူရည်းစားများလား"
ကျနော်ခပ်ဖွဖွလေးပြုံးမိသည်။ အခုမှကြင်ကာစ ချစ်သူတွေက ဒီလိုကြည်နူးစရာကောင်းသလားသခင်။ တုံးလိုက်တာ။
"မေတ္တာသက်၀င်နေတာကြာပါပြီသခင် ကျနော်ရယ်၀န်ခံတယ် "
"ဘာလို့ အဖြေမပေးခဲ့တာလဲ မင်းဆီကကြားချင်တာကြာခဲ့ပြီ မင်းအသိလေ"
"ကျနော်စောင့်ကြည့်ချင်တယ်လို့ပြောခဲ့တယ်လေ သခင် ၊ ကျနော်စကားတွေမေ့သွားတာလား"
"မမေ့ပါဘူး ဒါပေမဲ့ဘယ်အချိန်ထဲက ချစ်မိခဲ့တာလဲ"
ကျနော်မျက်လုံးမှေးပြီးကြည့်မိသည်။
"သခင် ဘ၀င်လေဟပ်မို့မဟုတ်လား ဒါကလျှို့ဝှက်ချက်ပဲ မပြောပြဘူး"
"ဟေးး ကောင်လေး!"
အခန်းထဲက မြန်ဆန်သောခြေနှုန်းနှင့်ထွက်သွားသောဂျောင်ကု။ တကယ်ပါကွာ မင်းကဘာလေးတုန်း။ အဖြေပေးပြီးအရှက်သည်းနေတာလား။
ဒါဆိုရင် ဒါက ကိုယ်တို့ရဲ့ရည်းစားစဖြစ်တဲ့နေ့ပဲလား ။
× × ×
"ဂျောင်ကု "
"အွန်း ဦးလေးဂျက်"
"ခြံရှေ့မှာ မင်းနာမည်နဲ့ပန်းတွေရောက်နေတယ် "
