Part (4)

1.2K 199 37
                                    

[Unicode]

"သခင်.."

သခင်က တစ်ချက်တောင်မထူးတော့။ တင်းနေအောင်ဆုပ်ထားတဲ့လက်သီးဆုပ်နှင့် အနိူင်းမဲ့စွာ အပူတပြင်းဒေါသတွေ များနေခဲ့သည်။

"တောင်းပန်ပါတယ် သခင်"

သခင်အရှေ့တိုး၍ ဒူးနှစ်ဖက်ထောက်ချလိုက်သည့်အခါ ကျနော်ကိုယ်ကျနော်လဲအံ့ဩရသလို သခင်ကလဲ တအံ့တဩကြည့်သည်။ သခင်မကြိုက်တာကို မလုပ်ချင်တဲ့စိတ်ပဲ ကျနော်ကိုယ်ကျနော်မပိုင်တော့တာများလားသခင်။

"ကျနော်က တောင်းပန်တာမို့ နောက်ဆိုမလုပ်တော့ပါဘူးသခင်"

ရောက်လာတဲ့နေ့ကနေ ကွဲပြားတဲ့စရိုက်ကို ထယ်ယောင်းတွေ့လိုက်ရသည်။ ရို့ကျိုးစွာပြောနေသော စကားတို့ရဲ့ နူတ်ဖျားထိပ်နှင့်။ ခေါင်းငုံ့ထားသည်။

ဒေါသတစ်ရိူက်ဟာ အပြုအမူတစ်ခုနှင့် ကျေသွားတာမျိုး ။

"ထတော့.. နှင်းဆီကိုလွှတ်ပစ်လိုက် ပြီးရင်မနက်ကရေးထားတဲ့စာအုပ်ယူခဲ့ "

"သခင်..ဟဲဟဲ "

စာအုပ်ယူခိုင်းတော့ မျက်နှာကခုနကနှင့်မတူဘဲ ပြောင်စပ်စပ်နှင့်။ အမျိုးမျိုးရုပ်ပြောင်းရုပ်လွှဲနိုင်တဲ့ကောင်ပဲ။

"ကျနော် မရေးရသေးဘူး အဟဲ"

"ဘာ.."

"စိတ်လျော့ပါသခင်ရဲ့ ခွင့်လွှတ်ခြင်းက မြင့်မြတ်တဲ့အလုပ်ပဲလေ ကျနော် သံပုရာရည်ယူခဲ့မယ်နော် သခင်သောက်မို့ ခနလေးပဲစောင့်"

စကားလမ်းကြောင်းလွှဲပြီးထွက်သွားသောကောင်လေးကြောင့် ဒေါသထွက်ရင်းကပင်ထယ်ယောင်းပြုံးစေတဲ့အထိ။ ဘယ်လိုကောင်လေးလဲ။ ငါမင်းကိုစိတ်ဆိုးရမှာဘဲ မင်းရဲ့လုပ်ရပ်အတွက် ငါအပြစ်ပေးရမှာ။ ငါဘာလို့ပြုံးနေလဲ။

မင်းကအရူပ်ထုပ်ကောင်ပဲ ငါ့အတွေးတွေကိုပြောင်းလဲစေတဲ့ ချီးထုတ်ကောင်ကလေး။

"အဆင်ပြေလား သား"

"အိုကေမှာ စိုပြေပဲ အန်တီငယ် "

"ဟေ..ဟုတ်လား"

"ကျနော့်ကိုယုံပါ အခုသံပရာရည်လေးဖျော်ပေးနော်၊ သခင်အတွက်"

သခင်Where stories live. Discover now