[Unicode]
"ဟုတ်အကို.."
"ဂျွန်ဂျောင်ကု! "
အိမ်ထဲသို့အကိုနမ်ဂျွန်းနှင့်စကားပြောပြီး ၀င်လာချိန် ဆူးရှတဲ့ ရုတ်တရက်အောဟစ်သံကြောင့် ကျနော်တို့နှစ်ယောက်ပင်စကားပြောတာရပ်သွားချေသည်။
"အခုချက်ချင်းအပေါ်ကိုလာခဲ့"
"ဟုတ်ကဲ့သခင်"
"ဘာဖြစ်သွားတာလဲ ထယ်ယောင်းက"
အကိုနမ်ဂျွန်းက မေးလဲမေးချင်စရာဘဲ။ သခင်ကရုတ်တရက်ကြီးဘာလို့လဲ အပြင်သွားတယ်ဆိုတာလဲ အကိုကလိုက်မို့ခေါ်လို့ပင်လေ။
"သခင်.."
"ဘယ်သူ့ခွင့်ပြုချက်နဲ့ငါ့အိမ်ကထွက်တာလဲ"
"ဟင်.."
"ဖြေလေ ငါမေးတာ ! ""သခင်.. "
ရုတ်တရက်ပခုံးကိုဆုပ်ကိုင်ပြီးမေးတော့ ကြောက်မိတာအမှန်။ စူးရှနေသော သခင့်အကြည့်တွေနဲ့ ဒေါသသံတွေက ၀မ်းနည်းမိတာအမှန်ပင်။
"ကျစ်! အဲ့အရည်ကိုကျမလာနဲ့ "
"သခင်! ဘယ်တုန်းကများ ဘယ်တုန်းက သခင့်နဲ့ပက်သက်ပြီးငိုဖူးလို့လဲ ကျနော့်ကိုရင့်ရင့်သီးသီးလာမပြောနဲ့ ကျနော်သခင်မကြိုက်တာဘာမှမလုပ်ထားဘူး! "
"မလုပ်ထားဘူး! အဲ့စောက်ခြေထောက်တွေနဲ့ ငါ့အိမ်ထဲက ထွက်သွားတာလေ ဘယ်သူခွင့်ပြုချက်ရလို့လဲ ဟမ်! ဖြေလေ ငါကလွတ်လပ်ခွင့်ပေးထားတယ်ဆိုပြီး ၀င်ချင်တိုင်း၀င်ထွက်ချင်တိုင်းထွက်နေတာလား ဂျွန်ဂျောင်ကု"
ထယ်ယောင်းစိတ်ရှိတိုင်းပြောဆိုပြီးတော့ ဒေါသတွေက ပြင်းထန်နေသည်။
ဘာလို့မှန်းမသိ အော်ငေါက်နေသော သခင့်ကိုနားမလည်နိုင်စွာ။ အကြောင်းပြချက်ကို
အရင်မမေးဘဲ ဘာလို့လဲ! ပါးထက်စီးကျနေသာမျက်ရည်တွေကိုသာဖိသုတ်မိသည်။ ရိူက်သံကိုမထွက်အောင် လက်သီးကိုဆုပ်ထားမိသည်။"သခင်အပြစ်ပေးမယ်ဆိုပေးပါ"
ကျနော့်ကိုကျောပေးထားတဲ့သခင်က စကားကြောင့်လှည့်ကြည့်လာသည်။