[Unicode]
တေးငှက်သံတစ်သီသီနှင့် ဝေလီဝေလင်းအချိန်စံတော်။ အိမ်ရာထဲ အိမ်စေအသီးအသီးဟာ သခင်မနိုးခင် အလုပ်ရူပ်နေခဲ့သည့်စံချိန်တစ်ခုပေါ့။ အမိူက်လှဲသူလှဲ၊ခြံရှင်းသူရှင်း။ စားသောက်ပိုင်းရာတာ၀န်ယူသူနှင့် ဖုန်သန့်ရှင်းရေးလုပ်သူတွေ။
မနက်အစောလို့တောင်မထင်ရသူတို့အလုပ်ရူပ်နေကြသည်။ သို့သော်ငြားအသံကတော့ အပ်ကျသံပင်မကြားရ။ တစ်ခုခုများဆူညံလိုက်လို့ သခင်နိုးလာရင် ဆိုးမည်မဟုတ်သလား။
"ဟိတ်ကောင်လေး ထတော့ ခနနေသခင်နိုးတော့မယ်.."
"ဟာဗျာ.. သူအရင်နိုးမှ ကျနော့်ကိုလာနိုးပြောထားတယ်လေ ကျစ်! "
သူကဆုပ်တောင်သပ်လိုက်သေး။ စောင်ကိုယူ၍ တစ်ဖက်ကိုပြန်လှည့်သွား၍ပြန်အိပ်ပြန်သည်။
"မင်းတော့ သခင့်စိတ်ဆိုးတာနဲ့တိုးရင် ငါမြင်ယောင်နေတယ်.."
ပြောမရဆုံးဂျက်လဲ တစ်ခြားသန့်ရှင်းရေးတွေလုပ်ရဦးမှာမို့ ထားခဲ့လိုက်သည်။
"မနက်စာ အသင့်ဖြစ်ပါပြီသခင်.."
"ကောင်းပြီ ခနနေဆင်းလာခဲ့မယ်.."
"ဟုတ်ကဲ့.."
ထရေဇာဆိုသော အိမ်တော်ထိန်းက အိမ်ရဲ့အကြီးအကဲပေါ့။ သူမက ထယ်ယောင်းရဲ့မိခင်ပမာကြီးကြပ်သူလဲဖြစ်သည်။ သို့သော် သူသည်လဲထယ်ယောင်းရဲ့အမိန့်တစ်ခုအောက်တွင်သာ ရပ်ရသူ။
"မနေ့က ကောင်လေးမတွေ့ပါလား.."
"ဟို..သခင်"
"ဘယ်မလဲ"
"ဘာလို့တစ်ယောက်မှ မပြောကြတာလဲ..ဘယ်မှာလဲ အဲ့ကောင်လေး"
လှေကားကနေဆင်းဆင်းချင်း မေးမြန်းလာသော သခင်ကြောင့် သူတို့တွေပါးစပ်လေး ပိတ်နေကြသည်။ ဒုတိယအကြိမ်ပိတ်ဟောက်လာသော် စားပွဲဝိုင်းပြင်နေသော အိမ်စေတွေပင် ခေါင်းငုံ့ကာ ထယ်ယောင်းအရှေ့လာရပ်ကြရသည်။ ထိုထဲမှ ဂျက်က မဝံ့မရဲရှေ့ထွက်ကာ...
"သူ..သူအိပ်နေတုန်းပါသခင်.."
"ဘာ..!"
×××