Part (8)

1.2K 159 36
                                    

[Unicode]

"အာ့! "

"ဟေးးအဆင်ပြေရဲ့လား "

မျက်၀န်းပြာပြာနဲ့ ဆံပင်အညိုရောင်တွေ။ ထိုယောကျာ်းသားက ကျနော့်ကို၀င်တိုက်လာတာ။

× × ×

"ကျနော်ဈေးကနေ၀ယ်ခဲ့မယ် ဒေါ်လေး  "

"ဂရုစိုက်သွား သားရေ! "

ဒီနေ့နဲ့ဆို သခင်မရှိတာ တစ်လပြည့်ပြီ။ နေသားမကျသေးပေနဲ့ လွမ်းတဲ့စိတ်တွေက ချစ်စိတ်တိုးစေပြန်သည်။ ကျနော်သေချာပါသည် သခင့်အပေါ်စိတ်ရှိနေတာ။ သခင်ရော ကျနော့်အပေါ်စိတ်ရှိနေမယ်မလား။

"ကျူးလစ်က ဘယ်လိုရောင်းလဲ "

"တစ်ပွင့်ထဲကို ၁ဒေါ်လာ "

"ဈေးကြီးလိုက်တာ "

"ဟေးး မ၀ယ်နိုင်ရင်မလာနဲ့ ကျူးလစ်တွေက ဈေးကြီးတယ် အရမ်းရှားတဲ့အလှလေးတွေ ဒီလောက်တော့တန်ဖိုးရှိတယ်"

အဲ့ဒီလူဖြူအမျိုးသမီးကြီးက ကျနော့်ကို ဟောက်သလိုပြောနေတာ။  မျက်မှောင်တွေကြုတ်ပြီး ဒေါသထွက်သွားသည်။

"အဲ့လောက်၀ယ်သူကို အော်ကြောလန်လို့ ခင်ဗျားဆိုင် လာ၀ယ်တဲ့လူမရှိတာ ၀မ်းသာတယ် "

"ဘာ! "

ပြောပြောဆိုဆိုနှင့် ထိုပန်းဆိုင်ထဲကထွက်ခဲ့လိုက်သည်။ ထိုမိန်းမကြီးက ဒေါသတကြီးကျန်ခဲ့တော့သည်။

ကျနော်အဲ့မိန်းမကြီးကို အနောက်ကိုလှည့်ကြည့်နေတုန်း ဘရိတ်မမိတဲ့စက်ဘီးတစ်စီးက ကျနော့်အရှေ့ကိုဆိုက်ဆိုက်မြိုက်မြိုက်။

"အာ့! "

"ဟေး အဆင်ပြေရဲ့လား"

စက်ဘီးကို ဘေးကိုတွန်းပြီး ထိုလူကအမြန်ကျနော်ပေါ် ခုန်အောက်လိုက်သည်။ ကျနော်ကော သူကော ကြမ်းပြင်ပေါ်သို့လှဲရက်သား။

"ထူပေးလေ ကျနော့်ကို "

"အော haha "

မျက်၀န်းပြာတွေနှင့်ထိုအကိုက ရယ်ရင်ထူပေးရှာသည်။ ဆံပင်ရူပ်ရူပ်ပွပွနှင့် ဂျာကင်အနက်ကို၀တ်ထားသောလူ။ ဆံပင်အညိုတွေက အသားအရည်နှင့်လိုက်ဖက်သည်။ ကျနော်စိတ်ထဲ တွေးလိုက်သည်။ ပြင်သစ်ကလူတွေ တော်တော်ချောသည်။ကျနော်ငေးတဲ့အထိ ဖြစ်သွားသည်။

သခင်Where stories live. Discover now