ဟန်ဘုန်းမို"
"ဗျာ"
"နောက်နေ့ကစပြီး လွယ်အိတ်ကို လည်ပင်းချိတ်ကြည့် ဒီကြိမ်လုံးမကျိုးရင်ကြိုက်တာသာပြော"
ထားဝယ်ကြိမ်ကိုတရမ်းရမ်းပြောလာသည့် အတန်းပိုင်ရော၊ အိမ်နီးချင်း ရောဖြစ်သည့် ကိုကို့ကို တကယ်ကြောက်ရသည်။ ဘယ်သူမှမနိုင်သောသူ့ကို ဆက်နိုင်တစ်ယောက်သာထိန်းချုပ်နိုင်သည်။ ဒါတောင်ကွယ်ရာ နေချင်သလိုနေတတ်သေးသည်၊ မနေ့က ကျောင်း မတက်ခင်
လည်ပင်း၌ လွယ်အိတ်ချိတ်၍ ဂျလေဘီဘိုသွားနေတဲ့သူကို မျက်စိဆံပင်မွှေးစူးနေမိသည်။ အစည်းအဝေးသွားရမှာမို့သာ လွှတ်ပေးရတာ ခေါ်ရိုက်ချင်စိတ်ကိုမနည်းထိန်းထားရသည်။"ဟုတ်ကိုကို"
"ကျောင်းသားမလား "
"ဟုတ်"
"ကလေကချေလိုနေနေတာ ငါကကြည့်ကောင်းလို့ကြည့်နေတာထင်တယ်ပေါ့"
"နောက်မဖြစ်စေရပါဘူး ကိုကို သားကဒီတိုင်း... "
" အဝတ်လဲတော့.. ပြီးရင် ကျောပိုးအိတ်သွားကြည့်ရမယ်"
"ဟာကိုကိုကလည်းဗျာ ဆယ်တန်းရောက်နေပြီကို ကျောပိုးအိတ်ကြီးနဲ့ ကြောင်တောင်တောင် ကြီးကို "
"ကျောင်းသားနဲ့တူအောင်လွယ်အိတ်မလွယ်တာဘယ်သူလဲ"
"သားပါ"
"စကားမရှည်နဲ့ "
"ဟုတ်ကဲ့ကိုကို"
———
"သားမိုရေ "
"ဗျို့းးး"
"ထမင်းစားမယ်လေ ဘယ်အချိန်ရှိပြီလဲ လာဆင်းခဲ့တော့ မေမေစောင့်နေတာကြာလှပေါ့"
"မေမေကလည်းဗျာ ပြီးမှဆင်းစားမှာပါဆို စောင့်မနေနဲ့ ၊ သားဒီမှာ ပွဲကောင်းနေလို့ "
"ဂိမ်းကြီးပဲဆော့နေလိုက်တော့ ၊ ထမင်း စားဆိုမစားဘူး ၊ ညမှဗိုက်ဆာတယ်မေမေဆိုပြီး နှိုးပြီး ဟိုဟာလုပ်ခိုင်းဒါခိုင်းဆို ကြက်မွှေးပဲ ရမယ် ဒီတစ်ခါမေမေ တကယ်ရိုက်ပြီသာမှတ်"
"မစားဘူးဗျာမစားဘူး အဲ့တာဆိုလည်း "
" ဟန်ဘုန်းမို "