" ဟန်ဆုယဥ် ဘာလာ..လုပ်တာလဲ ချီးထုပ်မ"
"လာချင်လို့လာတယ်များမှတ်နေလား.. ကိုကိုက အိမ်ပြန်ပြောင်းခိုင်းလို့. Shit"
"ဘာလို့လဲ... "
"ဒီလအမှတ်တွေ စုတ်ပြတ်နေတာကိုး.. တော်သေးတယ်ဒီလောက်နဲ့ ပြီးသွားလို့.. မနက်ကစပြီး..ကိုကိုက Guideပြန်လုပ်မှာတဲ့.ငါတော့ တကယ်ကိုသေပြီ။ ဟိုအိမ်မှာဆို အကုန်လွတ်လပ်တယ် ဒီအိမ်ဆို အကုန်ကိုကိုက ချုပ်ခြယ်တယ် ဟူးးး"
" နင်ကမှတော်ပါသေးတယ်"
"ပြန်တောင်းပန်လိုက်ပါဘုန်းမိုရယ်... ဒီလိုကြီး ဖြစ်နေကြတာ ငါလည်း ကြားထဲက နေရခက်တယ်.. ကိုကိုက စိတ်ဆိုးတုန်းခဏပဲကို ပြန်တောင်းပန်လိုက်နော်ကိုကြီး လိမ်မာတယ် "
" မိုးတွေရွာတော့မယ်ဟေး... ဟန်ဆုယဥ် တစ်ယောက် ငါ့ကိုကိုကြီးတွေဘာတွေနဲ့ "
" တောင်းပန်လိုက်လို့နော် ဘုန်းမို နော်လို့"
"ငါကြောက်တယ်... ဆွဲထိုးလိုက်လိမ့်မယ် တကယ်ကြောက်တယ်ဟ"
"ငါပြောပေးမယ် လေ အဲ့တာဆို "
"တကယ်နော် ဆုယဥ်၊ ငါ့ညီမလေးကိုအဲ့တာတွေကြောင့်ချစ်ရတာ"
"စောက်ပိုတွေ "
————
" ဟန်ဆုယဥ် "
"ရှင်ကိုကို "
"အချိန်ဇယားက အရင်အတိုင်းပဲ မှတ်မိသေးလား"
"ဟုတ်ကိုကို မှတ်မိတယ် "
"အင်း ဒါဆို ကိုကိုတို့ Chemistry ကစမယ်... "
"ဟုတ်ကိုကို...ဟို ဟိုလေ "
"ဘာလဲ ဆုယဥ် "
"ဘုန်းမိုက... တောင်းပန်ပါတယ် တဲ့ သူမှားမှန်းလည်းသိပါပြီ ဟိုညကလည်း.. ကိုကို့ကိုမတောင်းပန်ရဲလို့တဲ့ ပြီးတော့ "
"နေပါဦး သူကိုယ်တိုင်လာမပြောဘဲ.. နင်ကတဆင့်ပြောခိုင်းရတာလဲ ယောကျ်ား မဟုတ်ဘူးလားလို့မေးလိုက်အဲ့ကောင်ကို .. စာအုပ်ထုတ် Definitions တွေ ပေးမယ် "
"ကိုကို ဘုန်းမို တကယ်ကိုနောင်တရနေ.."
"ပါးစပ်ပိတ်ထား "