"မျက်နှာကို ပြင်ထားနော် အဆင့်တွေကြည့်တော့စုတ်ပြတ်သတ်နေတာ အပျော်အပါးဟေးလားဝါးလားဆိုထိပ်ဆုံးက ပါချင်သေးတယ်"
".........."
"ဟန်ဆုယဥ် "
"ရှင်ကိုကို"
"ခုဏကဘာအပြုအမူလဲဟမ်
ယောကျ်ားလေးတွေကြားထဲ နင်ကဘာဝင်လုပ်မှာလဲ ""ဆုယဥ်လည်း ကြည့်ချင်တာကိုလို့"
"လူတွေကအများကြီး အရက်သမားတွေ နဲ့ ရမ်းကားတဲ့သူတွေနဲ့ လူပေါင်းစုံရှိနေတဲ့နေရာကိုနင်ဘာထင်နေတာလဲ"
"ဟုတ်ကိုကို မှားသွားပါတယ် "
"ပြောလိုက်ရင်နှစ်ယောက်လုံးမျက်နှာငယ်နဲ့ အခု စာအုပ်တွေသိမ်းပြီး ပြန်၊ အခုညနေကျက်ခိုင်းတဲ့စာတွေမနက်ပြန်မေးမှာနော်၊ ထစ်ငေါ့ထစ်ငေါ့ဆိုမလွယ်ဘူးမှတ်"
"ဟုတ်ကဲ့"
"ဟန်ဘုန်းမို "
"ဗျာ"
"မျက်နှာကအခုထိမပြင်သေးဘူးလား"
"........."
"အခုဘယ်သူ့အတွက်ပြောနေတာလဲ
ဟမ်"အဲ့မေးခွန်းကို မဖြေချင်ဆုံးပဲ။ တကယ်ကို ကိုယ့်အတွက်ဆိုပြီး ချုပ်ချုယ်ခံရတာများတော့ ကောင်းစေချင်လို့ပြောတယ်ဆိုတဲ့စကားများအား တကယ်ကိုကြောက်နေလေပြီ။
"သားအတွက်ပြောတာ"
"မှာတာမမေ့နဲ့ သွားတော့ "
.
.
.
."ဘုန်းမို"
"ပြော"
"ဟဲ့ မျက်နှာကြီးကဘူလိုက်တာဟယ်"
" လုပ်ပြီး မပြုံးပြနိုင်ဘူးဟေး တစ်ခါတလေတော့ လူငယ်သဘာဝပျော်ချင်တာပေါ့၊ အကုန်လိုက် ချုပ်ခြယ်နေတာ ကြာတော့ ရူးချင်လာပြီ"
" ခိုးထွက်ရအောင်"
"နင်မပြောလည်းငါထွက်မှာ.. ဒီလိုပွဲမျိုး ဆိုတာ လက်လွတ်ခံရင်ရူးနေလို့ပဲ ဒါပေမယ့် နင်မလိုက်ရဘူး"
"ဘာရယ် "
"ကြားတဲ့အတိုင်းပဲ... မိန်းကလေးကဘာဝင်လုပ်မှာလဲ..ရှုပ်ရှုပ်ယှက်ယှက်"