ကိုကို့ကို ပြရမယ့် Report Cardကို သေချာ ဒီ သင်္ချာ စာအုပ်ကြားညှပ်ထားတာပါ၊ ဘယ်လို... ပျောက်နေရတာလဲ။
မြတ်ဘုဏ်း တစ်ယောက် ဉာဏ်ဉာဏ်ကိုမျက်မှောင်ကုတ်၍ အတန်ကြာ စိုက်ကြည့်မိတော့သည်။ ဘယ်လိုနမော်နမဲ့ နိုင်တဲ့ကောင်လေးမှန်း ကိုမသိတော့၊ ကိုယ့် Report cardတောင် ဘယ်ထားမှန်း မသိရအောင် ကိုယ့်ပညာရေး ကိုအဲ့လောက်အလေးမထားသည်လား၊ တကယ်ကိုနားမလည်နိုင်တော့ပါ။
"ရှာနေတာ... လိုအပ်တဲ့ အချိန်ထက်ကျော်နေပြီလို့မထင်ဘူးလား ဉာဏ်ဉာဏ် ဟမ်"
"ကိုကိုသား သေချာပေါက် ဒီစာအုပ်ကြားထဲ ညှပ်ထားတာကို ဘယ်လိုကနေ ဘယ်လိုပျောက်သွားမှန်းကိုမသိတာ ကိုကို"
" မသိရင်လည်း မရှာနဲ့တော့...အဲ့အစား ကြိမ်လုံးသာ မြန်မြန်ရှာခဲ့တော့"
"ကိုကိုကလည်း ခဏလေးပါနော်... သားသေချာပေါက် ဒီထဲကို"
"......""အဲတွေ့ပြီကိုကိုရေ တွေ့ပြီ... ဟဲဟဲ"
"နမော်နမဲ့ နဲ့ တကယ်ကိုစည်းကမ်းမရှိဘူး ဉာဏ်ဉာဏ်"
"ကိုကိုကလည်း... သားအမှတ်ကောင်းပါတယ်ဆို ဒီမှာကြည့်"
"အင်း... သင်္ချာနဲ့ အင်္ဂလိပ်တော့မဆိုးပါဘူး... Chem နဲ့ physics က ခုနှစ်ဆယ်ကျော် ဆိုတော့... ကိုယ်နဲ့ သင်တာ အစပဲ ရှိသေးတော့လက်ခံပေးလို့ရတယ်၊ မြန်မာက ဘာလို့ငါးဆယ်ကျော်လေးပဲ ဖြစ်နေရတာလဲ ဉာဏ်ဉာဏ်"
"သား... သား.. မြန်မာစာမဖြေတတ်ဘူး"
"ဘာရယ်"
"....."
"မြန်မာလူမျိုးတစ်ယောက်ဖြစ်နေပြီး မြန်မာစာမဖြေတတ်ဘူး ဆိုတာက နည်းနည်းတောကြောင်တောင်တောင်ဆန်တယ်"
"သားစာစီစာကုံးမရေးတတ်ဘူး၊
ဦးနောက်ထဲ ဘယ်လိုမှ လည်း ထွက်မလာဘူး၊...ပြီးတော့မေးခွန်းအပုဒ်ကြီးတွေဆို ဘာကိုဆိုလိုမှန်း ကိုမသိတာ""ဒီအပတ်ကစပြီး... မြန်မာစာပါသင်ပေးမယ်၊ စာဖတ်အားနည်း တာလည်းပါတယ်၊ နောက်ပြီး.. ပြင်ပဗဟုသုတအားနည်းလွန်းတာ"
ကိုကိုပြောသမျှ မှန်နေတော့ ဉာဏ်ဉာဏ်ဘာဆင်ခြေမှ ပြန်မပေးရဲ၊ ကိုကိုက ဒေါသထွက်နေပုံတော့မပေါ်၊ တော်ပါသေးသည်၊ ဉာဏ်ဉာဏ်စိတ်ထင် ထရိုက်နေမယ်... ထင်ထားတာ**