Seoul မြို့ လမ်းမသည်...မိုးရွာပြီးစမို့... စိုထိုင်းနေသည်။ ကားပေါ်ကို လက်တစ်ဖက်တည်းသာတင်ပြီး မောင်းရင်း... ရှေ့မှ အရိပ်တစ်ခုကြောင့် လာလီဆာ.. ဘရိတ်ကို ဆောင့်အုပ်လိုက်သည်။
Fuck❕ အရေးကြီးနေပါတယ်ဆို.. အာရုံကွာ တောက်**
" ဟေးးး... အလျော်လိုချင် တခြားခွင်ရှာ... ငါက မင်းထင်နေသလို.. သံပုရာသီးမဟုတ်ဘူး"
Jinnie တကယ်ကို စိတ်တိုလှသည်။ သူကပဲ လမ်းကိုကွေ့လာပြီး သူကလည်းတိုက်သေး...... ဒီမိန်းကလေးက ဘယ်လိုရိုင်းတာလဲ...
"ဘာရယ် မင်းကလည်း..တိုက်မိမလိုဖြစ်သေး..မင်းကပဲ... ပြောရတယ်ရှိတယ်..ပြောပါဦး ငွေဘယ်လောက် ပေးနိုင်လဲ "
သိသားပဲ... ဒီလိုပုံတွေပဲဆိုတာ၊ လောကကြီးခက်ခဲလာတော့ ငွေရှာရတာ ခက်လာပုံပဲ။ ရုပ်လေးကြည့်တော့သမားကမား... ခြူစားနေတာ မြင်မကောင်းဘူး။
" ဘယ်လောက်လိုချင်လဲ... အချဥ်တော့မထင်နဲ့..ရုပ်လေးကို သနားလို့..သဒ္ဒါကြေးပေးတာ မင်းလိုလူတွေအများကြီးတွေ့ဖူးတယ်.. "
တောက် အရိုင်းအစိုင်း ❕
" တကယ်လျော်ပေးမှာလား "
"အင်း Sure "
"အိုကေ."
"အာ့ အာ့ ခင်ဗျား ဘာလုပ်တာလဲ လွှတ်အာ့အာ့"
စီးထားသော ရှူးဖိနပ် အဖြူလေးဖြင့် ခြေထောက်ကို... နာနာလေး ကြိတ်လိုက်သည်။ မှတ်ထား အဲ့တာငါ့အလျော်ပဲ။
လီဆာ တကယ်ကို... ကြောင်အသွားသည်။ သူ့လိုလူကို တကယ်မသိတာ လား။ ဒါမှမဟုတ် လူမှုကွန်ရက်မသုံးတာပဲလား။ သတင်းစာခေါင်းစီးပိုင်းထဲအထိပါသော သူ့လိုလူကို မသိတာထား။ မခန့်လေးစားလုပ်ရဲဖို့မပြောနဲ့ စေ့စေ့ပင်မကြည့်ရဲကြ။ အခု ဒါကဘယ်လိုအပြုအမူလဲ WTF
—
"မသင်ချင်ပါဘူး... အပါးရာ... မဖြေဘူးလို့.. တက္ကသိုလ် မရောက်ရင်နေတော့..အထက်တန်းကိုပြန်မဖြေချင်ဘူးလို့ဆို""မရဘူး.. သမီးကို ... အပါး လွှတ်ထားတာကြာပြီ။ ကားမောင်းပြိုင်လိုက်၊ Club တက်လိုက်နဲ့ တကယ်စိတ်မချဘူး။ ထိန်းသိမ်းဖို့အတွက်..လူလိုနေပြီ "