Intro.....
"မေမေရေ "
".............."
" မေမေရေလို့"
"............"
ထိုသည်ကတော့ လပတ်စာမေးပွဲတွင် အင်္ဂလိပ် စာ ၄ မှတ်ပဲ ရခဲ့တဲ့ သားဖြစ်သူ "ရှင်းသန့်ဇွဲပိုင်"ကို ဒေါ်နှင်းနှင်းသန့် စိတ်ကောက်နေခြင်းပင်ဖြစ်သည်။
"ပြန်ထူးပါဦး စိတ်မဆိုးပါနဲ့တော့ "
" ............"
"မေမေ ကလည်းဗျာ သားလည်း ရသလောက်ဖြေခဲ့တာပဲကို"
"ရသလောက်က True or false ငါးပုဒ်ပဲဖြေပြီး တခြား ဟာတွေ မေးခွန်းအကုန်ကူးခဲ့တာမျိုးကိုပြောတာလား"
ဘယ်သူမှန်းမသိ ဘယ်အချိန်ကတည်းက အိမ်ရောက်နေလဲမသိတဲ့အမျိုးသားတစ်ယောက်က အိမ်ထဲသို့ပိုင်စိုးပိုင်နင်း ဝင်လာပြီး အတိအကျကို စွပ်စွဲနေခြင်းဖြစ်လေတော့
အံ့သြခြင်းလား၊ကြောက်ရွံ့သွားခြင်းပဲလား၊ ရှက်သွားခြင်းလား ၊ မဆိုင်ဘဲဝင်ပါလို့အမြင်မကြည်သွားခြင်းလား၊ ကိုယ့်ဘာသာ ကိုယ်ပင် ရှင်းသန့် မသိတော့သည်အထိ။"မေမေသူကဘယ်သူလဲ"
"သူ့က မင်းအင်္ဂလိပ်စာ ဆရာမ ဒေါ်နုနုငယ်ရဲ့သား ဉာဏ်လင်းနေ တဲ့ "
"ဟမ်ဒါဆိုရင် ဆရာမသားဆိုတော့ ဟိုဘက်တိုက်ကပေါ့"
သူ့ရဲ့အတန်းပိုင်တစ်ဖြစ်လည်း အင်္ဂလိပ်ဆရာမတစ်ဖြစ်လည်း ဒေါ်နုနုငယ်က ဟိုဘက်တိုက်မှာနေသည်ကိုး..
------------
တိုက်ဘေးချင်းကပ်လျက် ခပ်ဆိုးဆိုး စာညံ့တဲ့ ကျောင်းသားလေး ရှင်းသန့်ဇွဲပိုင်နဲ့ စည်းကမ်းကြီးတဲ့ ဉာဏ်လင်းနေ တို့ဘယ်လိုတွေတောင် နှစ်ပါးသွားမလဲ -?စာလုံးရေ 6000 ကျော်တဲ့ pdf fileလေးကို
Mmk -2000 ဖြင့်လာရောက်ဝယ်ယူလို့ရပါတယ်။ kpay only ပါရှင်။Tg username က @januaryFour ပါ...
မနက်ဖြန် မနက်၉နာရီမှစတင်ပြီး ပို့ပေးပါမယ်နော်။ Thanks to all....