Mafia Jeon

238 37 12
                                    

ကျနော်နမည်က Min yoongiပါ ။ ကျနော်ဟာအထက်တန်း ကျောင်းသားလေးတဦးပေါ့။

ကျနော်ကအဖေကြီးနဲ့သာ အတူနေပါတယ်။ အမေတော့မရှိတော့ဘူးပေါ့။
‌တနေ့မှာအဖေကသူရဲ့ နောက်အိမ်ထောင်သစ်ကို ခေါ်လာပီးတော့ ကျနော့်ကို

*သားဒါမင်းရဲ့ အမေသစ်ပဲ ဒီနေ့ကနေစပီး မေမေလေးရဲ့ စကားကိုနားထောင်ရမယ်နော် *

ဆိုပီးပြောတဲ့ ဖေကြီးမျက်နှာမှာ အမေရှိစဉ်တုံးကလို အပြုံးမျိုးမဟုတ်‌ပေမဲ့ အဖေကြီးပျော်နေတာကို မဖျက်ခြင်တဲ့အတွက်

*ဟုတ်ကဲ့ပါဖေကြီး မေ‌မေလေး သားနမည်ကMin yoongiပါခင်မျ တွေ့ရတာဝမ်းသာပါတယ် *

ဆိုပီးပြောတော့ မေမေလေ‌းက တခြားမိထွေးတွေနဲ့ မတူဘဲ

*သားလေးကိုလည်း မေမေလေးက တွေ့ရတာဝမ်းသာပါတယ် နော်ပီးတော့မေမေလေးနမည်က Chan Yuyaပါ *

ဆိုပီးအပြန်အလှန် မိတ်ဆက်ရင်းနဲ့  ကျနော်တို့မိသားစုလေးဟာ အင်မတန်မှ့ ပျော်ရွှင်ဖွယ်ကောင်းတာပေါ့ ။

ဒါပေမဲ့လည်း ကံတရားရဲ့ ရက်စက်မှုကြောင့် ဖေကြီးရော မေမေလေးပါ အကြွေးရှင်တွေရဲ့ ရိုက်နှက်မှုနဲ့ အတူအသက်ပျောက်ခဲ့ရတာပေါ့။

အဲ့လိုကျတော်လည်းအထက်တန်းကျောင်းတဖက် အချိန်ပိုင်းအလုပ်က တဖက်နဲ့လုပ်ရင်း အကြွေးဆပ်ရတာပေါ့။

တနေ့မှာ အဖေကြီးရဲ့ အကြွေးရှင်က ကျနော့်ကို

*မင်းငါတို့အကြွေးကို ကြေအောင်ဆပ်ချင်ရင် လုပ်စရာတခုပဲရှိတယ် ဘယ်လိုလည်း မင်းစိတ်ဝင်စားလား *

ဆိုပီးမေးတော့ ငယ်ရွယ်တဲ့ကျနော်ဟာလည်း အကြွေးကြေရင်သာ ပီးရောဆိုတဲ့ စိတ်နဲ့အတူ သူ‌တို့ပြောတဲ့ အလုပ်ကိုလက်ခံလိုက်က်လေရော။

အဲ့‌လိုလက်ခံမိတဲ့‌ နေ့ထဲကစလို့ ကျနော်ဟာ အင်မတန်မှ့စဉ်းစား ဆင်ခြေမဲ့တဲ့ သူတယောက်ဆိုတာကို သိခဲ့ရတာပေါ့။

ဘာလိုဆိုအဲ့အလုပ်က ကလပ်မှာလုပ်ရတဲ့အလုပ် တနည်းအားဖြင့် ပြောရရင်တော့ ကျနော့်ဘဝရဲ့ အဆုံးသတ်ရာနေရာတခုပေါ့။

Yoonkook three shot collection ✓Where stories live. Discover now