Min Jungkook

100 6 0
                                    

ဘဝဆိုတာ ရှုပ်‌ထွေးတယ် ၊ ပြိုင်ဆိုင်မှု‌ေတွအများကြီးရှိတယ် ။ အဲ့လိုရှုပ်ထွေးပြီး ပြိုင်ဆိုင်မှုတွေရှိတဲ့ ဘဝကြီးကို ကျွန်တော်နှစ်သက်တယ် ။ လူတစ်ချို့ကပြောတာ အချိန်ဆိုတာမျိုးက လူကိုမစောင့်သလို အရမ်းလည်း တိုတောင်းတယ်တဲ့ ။ ပြီးတော့ဘဝဆိုတာကလည်း အရမ်းကိုတိုတောင်းတယ်တဲ့ ။

အင်းသေချာလည်းသေချာသလို အဲ့လိုမျိုးတိုတောင်းတဲ့ ဘဝကြီးမှာ ကျွန်တော်ဟာ တစုံတစ်ယောက်ရဲ့ သိမ်းပိုက်မှုမှာ တစ်စုံတစ်ယောက်ရဲ့
မျိုးရိုးအမည်တစ်ခုအောက်မှာ နေထိုင်ရတယ် ။
ပြီးတော့ အဲ့ဒီမျိုးရိုးကိုလည်း ကျွန်တော်မှာ သဘောကျသလို ၊ ချစ်နေရသလို  ၊ ကြောက်လည်းကြောက်ရတယ်  ။

"သားလေးရေ ထတော့လေ သခင်ကြီးနိုးလို့ သားလေးမထသေးရင် အဆူခံနေရအုံးမယ် "

" အင်းး ဝါးးး ဟုတ်ကဲ့ကြီးကြီး သားနိုးပါပြီနော် "

ထိုအဒေါ်ကြီး ထိုအဒေါ်ကြီးက ကျွန်တော်သိမ်းပိုက်ခံရတဲ့နေ့ထဲက ကျွန်တော်ကိုသားအရင်းတစ်ယောက်လို စောင့်ရှောက်ပေးတယ် ။ ပြီးတော့ ဒီအသိမ်းပိုက်ခံနေရတဲ့ ဘဝကြီးမှာ နောက်တစ်ဦးအနေနဲ့

"ဟိုအကောင်မထသေးဘူးလား တစ်ကယ်ပဲလင်ငယ်နေရာမှာ နေရပြီသောက်လုပ်ကို စေ‌ာစောထမလုပ်ဖူး တောက်ခ်  စိတ်ပျက်စရာတွေ ကိုယ့်အဆင့်လည်းကိုယ်မသိဘူး  "

အင်းသခင်ကြီးရဲ့ ဒုတိယမြှောက် လင်ယောကျာ်းဖြစ်တဲ့ ဒုတိယသခင်လေး ၊ အပေါက်အရမ်းဆိုပါသော သခင်လေ ။ ထိုသခင်လေးကိုတော့ တစ်အိမ်လုံးမှာ သခင်ကြီးပြီးရင် အကြောက်ရဆုံးပါပဲ ။

"အဲ့တာ‌ဆိုရင် နင်ကရော ဘာသောက်လုပ်မှ့မလုပ်ဘဲ နင့်ထက်အငယ်ကို ခိုင်းစားပြီး ဘောကျော့နေချင်ရတာလည်း ဟမ် နင်ကအဆင့်ဆိုတဲ့ စကားကိုပြောရအောင် နင့်ရဲ့အဆင့်ကအဲ့ကလေးထက်တောင် နိမ့်ကျသေးတယ်ဆိုတာမမေ့နဲ့ "

အင်းထိုအမျိုးသမီးလေး ထိုအမျိုးသမီးလေးကတော့ သခင်ကြီးရဲ့ ပထမဇနီးသည်လေးပေါ့ ။ စိတ်ထားလေးက သိပ်ကိုဖြူစင်တာ ။ ပြီးတော့သခင်မကြီးက သခင်ကြီးကို မချစ်ဘူးလေ ။ သခင်ကြီးနဲ့ ကွာရှင်းဖို့ကိုပဲ အကြိမ်ကြိမ်ကြိုးစားတယ် ။ သခင်မကြီးနည်းတူ သခင်ကြီးရောပါပဲ ။

Yoonkook three shot collection ✓Where stories live. Discover now