My boss baby ( only one part )

93 7 2
                                    

သူဌေးများ အင်း သူဌေးများကတော့ လူတိုင်းထင်မြင်ကြသလိုတော့ မဟုတ်ဘူးပေါ့။  တစ်ချို့ကတော့ သဘောကောင်းကြတယ် ။ တစ်ချို့ကတော့ အပေါက်ဆိုးကြတယ် ။ အင်းကျွန်တော်အခုပြောမှာကတော့ ကျွန်တော်ရဲ့boss babyလေးကိုပေါ့ ။

ဟုတ်ကဲ့တွေ့ရတာဝမ်းသာပါတယ် ကျွန်တော်နာမည်က Min yoongiပါ ။ seven days companyရဲ့ အတွင်းရေးမှူးရာထူးနဲ့ အလုပ်ကို လုပ်ကိုင်ပါတယ် ။ ကျွန်တော်မှာ သိက်ချစ်ရတဲ့ သူဌေးလေးလည်း ရှိပါတယ် ။ အဟမ်းပြောရရင် အမျိုးသားလေးပါ။  သူ့နာမည်က Jeon jungkookပါ ။

"အစ်ကိုလို့ ထတော့ကွာနောက်ကျနေရင် ရုံးကလူတွေကိုအားနာစရာကြီး ဖြစ်သွားလိမ့်မယ်လေကွာ အစ်ကိုထတော့လို့ Min yoongi !!! အခုမထရင်
ခင်များနောက်နေ့ကစပြီးတော့ အိပ်ခန်းထဲကို
ဝင်မလာနဲ့တော့ ကြားတယ်နော် "

ဆိုပြီးနိုးလေတော့မှ့ ကျွန်တော်တစ်ယောက် အသည်းအသန်ပင် ထရတာပေါ့ ။ ဟုတ်တယ်လေ ဘယ်အချိန်အိပ်မလဲ ကြိုက်တဲ့အချိန် အားတဲ့အချိန် အိပ်လို့ရတယ်ဆိုပေမဲ့ ။ သူလေးကိုမစားရရင် မနေနိုင်ဘူးလေ ။ အဲ့တော့

"ဟီး အချစ်အသဲလေး ‌သေးသေးလေး အစ်ကိုရဲ့ ယုန်ပေါက်လေး အစ်ကိုထပြီနော် "

ဆိုကာပြောပြီး ထတော့မှ့ဒင်းလေးက မျက်စောင်းနဲ့

"တွေ့လားညကလည်း အတူနေရင်းနဲ့ပြောပါတယ် အမှတ်တွေမချန်ထားပါနဲ့ဆိုတာလေ အစ်ကိုခင်များက‌ဘယ်တော့မှ့ ပြောစကားကိုနားမထောင်ဘူး "

ဆိုလေတော့ ကျွန်တော်လည်း

"အော်အချစ်ရယ် အစ်ကိုလည်းထိန်းပါသေးတယ် ဒါပေမဲ့အချစ်က အစ်ကိုရဲ့အောက်မှာ ဆွဲဆောင်မှုအပြည့်နဲ့လေကွာအဲ့တော့ အစ်ကိုလည်းစိတ်မထိန်းနိုင် ဖြစ်သွားတာပါကွာ "

ဆိုလေတော့ ကျွန်တော်အချစ်ကလေးက ခေါင်းခါလေရော ပြီးတော့

"တစ်ကယ့်ကိုကြောင်ချောင်း ချောင်းနေတဲ့ယောကျာ်းကို အဖေကရှာပေးထားတာပဲ အော်ခက်တယ်ခက်တယ် "

တဲ့လေတစ်ကယ်ပါ ယောက်ခထီးကြီးကို ကျေးဇူးတင်ရမယ် အခုလို့မျိုးမနက် ၊ နေ့လည် ၊ ညစာအဖြင့် စားလို့အရမ်းကောင်းတဲ့ ‌သားအလိမ်မာလေးနဲ့  ပေးစားထားလို့လေ ။

Yoonkook three shot collection ✓Where stories live. Discover now