အချစ်ဦး ( end )

101 9 0
                                    

ကျနော်နိုးလာတော့ မရင်းနှီးတဲ့ ‌နေရာနဲ့ မရင်းနှီးတဲ့ အသံတွေရယ်နဲ့အတူ မရင်းနှီးတဲ့ အနံ့လေးတွေကို ရှူရှိုက်ကြားယောင်ရင်းနဲ့ အိပ်ယာအိအိလေးကနေ နိုးထလာတာပေါ့။

*အ့ ကျွတ်ကျွတ် ခေါင်းတွေလည်း မူးလိုက်တာအ့ ပီးတော့ငါကဘယ်ကို ရောက်နေတာလည်း *

ဆိုကာပြောနေတုန်းပဲ ရှိသေးတယ် ကျနော်နေရာယူထားတဲ့ ဤအခန်းထဲကို ဝင်လာသော ကောင်လေးတစ်ယောက် ။

ကျနော်လေ အဲ့ကောင်လေးကို တစ်နေရာရာမှာ မြင်ဖူးတွေ့ဖူးနေသလိုပဲ ။ ပီးတော့သူဝင်လာထဲက ရတဲ့အနံ့သင်းသင်းလေးဟာ တစ်ချိန်က ကျနော့်ရဲ့အချစ်ဦးကိုတောင် သတိရသွား‌ေစတယ်။

*Yoongiမင်းနိုးပီးလား ဒီမှာငါမင်းအတွက် ဆန်ပြုတ်‌ပူပူလေး ယူလာပေးတယ် အားရှိအောင်မင်းသောက်လိုက်နော် *

ဆိုပီးပြောတာ့ ကျနော်ကလည်း

*ခင်များက ကျနော်နမည်ကို ဘယ်လိုသိတာလည်း ပီးတော့ခင်များကရော ဘယ်သူလည်း ကျုပ်ကရောဘယ်ကိုရောက်နေတာလည်း *

ဆိုပီးပြောနေတုန်းပဲ ရှိသေးတယ် ထိုလူကကျနော့်အနားကို ကပ်လာပီးကျနော်ရဲ့ နဖူးကိုနမ်းတော့ ကျနော်လည်းကြောင်အသွားတာပေါ့။

ဟုတ်တယ်လေ တခါမှ့တောင် မသိဘူးမတွေ့ဘူးတဲ့ သူစိမ်းတစ်ယောက်က ကျနော့်ရဲ့နဖူးကို နမ်းတာကို။ အဲ့နောက်မှာကျနော်လည်း

*ခင်များဘာလုပ်တာလည်း ခင်များအခုမှ့တွေ့ဖူးတဲ့ သူတစ်ယောက်ကို အခုလိုမျိုးခွင့်ပြုချက်မရှိဘဲ ဘာလို့နမ်းတာလည်း *

ဆိုပီးပြောပီးအဆုံး ကျနော်ဟာသူရဲ့စကားကြောင့် သူ့ကိုငိုပီးဖက်နေတာပေါ့။ ဟုတ်တယ်လေ သူပြောတဲ့စကားက

*ကိုယ့်ရဲ့အချစ်ဦးကိုတောင် မေ့တက်တဲ့မင်းကို ငါကအရင်လိုပဲ အပစ်လုပ်ရင်ပဲ ဖစ်ဖစ်အိပ်နေရင်ပဲ
ဖစ်ဖစ်အပစ်ပေးတဲ့အနေနဲ့ အခုလိုမျိူးနမ်း‌‌လိုက်တာလေ ဘာဖစ်ချင်လို့လည်း မင်းကဟမ် ပြောပါအုံး *

ဆိုတဲ့စကားကိုပေါ့ အဲ့နောက်မှာတော့ ကျနော်ဟာ

*အီးဟီးးး Kookieအီးဟီးးး မင်း မင်းဟုတ်ပါတယ်နော် အီးဟီးးး ငါတောင်းပန်ပါတယ် မင်းကိုမမှတ်မိတဲ့ အတွက် မင်းက အဟင့် အရမ်းချောလာပီး မဟုတ်ဘူး အဟင့် မင်းကအရင်တုန်းကထက်ပိုချောလာလို့ အီးဟီးးး မင်းကိုမမှတ်မိတာပါ *

Yoonkook three shot collection ✓Where stories live. Discover now