One kiss

128 12 2
                                    

ကျနော်တို့လူသားတွေ တော်တော်များများက အချစ်မှာသူ့အလိုလို ပျော်ဝင်ကြတယ် ၊ ရုန်းထွက်ဖို့လည်းခက်ကြတယ်။

အင်းတစ်ခါတစ်‌ေလအချစ်က အရမ်းကိုလည်း မူယာမာယာများတက်သေးတယ်။

တခါတလေ အချစ်ဆိုတဲ့ ခေါင်းစဉ်ကို ခုတုံးလုပ်ပီး တစ်ကယ်ချစ်ရတဲ့သူတွေကို အရူးလုပ်ကြတယ်။

အကုန်ကုန် ပြောရရင်တော့ အချစ်ကသာယာမှု ၊ ပျော်ရွှင်မှု ၊ ဝမ်းနည်းမှု ၊ သဝန်တိုမှု ၊ လှည့်စားမှုတွေနဲ့ အရမ်းကို အန္တရာယ်များတာ ။

အဲ့လိုပြောလို့  ကျနော့်ကိုနင်ကအချစ်ခံရဘူးလို့လား ၊ နင်ကလမ်းခွဲခံရဘူးလား ဆိုပီးမေးရင်တော့ ဟုတ်ကဲ့ကျနော်ဟာ သိပ်ကိုချစ်ခဲ့ရသလို ပတ်ပတ်စပ်စပ်လည်း အပြောခံရပီး လမ်းလည်းခွဲခံရဘူးတယ်။

ဟုတ်ကဲ့ကျနော့်နမည်က Min yoongiပါ။ ကျနော်မှာ သိပ်ချစ်ရတဲ့ မောင်ဆိုတာရှိတယ် ခင်များတို့ ယုံကြမလား မောင်ဟာ ကျနော့်ရဲ့နောက်ကွယ်မှာ ကျနော်မသိအောင် အိမ်ထောင်ပြုထားတယ်တဲ့။

အဟက်သိပ်ကိုပဲ တော်လွန်းတက်လွန်းတဲ့ အချစ်ဇာတ်ဆရာကြီးက နောက်ဆုံးကျနော့်ကို ဗီလိန်ဇာတ်သွင်းပစ်ခဲ့တယ်လေ။

တစ်ချို့တွေအမြင်မှာ ကျနော်ကသူများအိမ်ထောင်ရေးကို ပျက်စီးရာပျက်စီးကြောင်း ပြိုကွဲအောင် လုပ်တဲ့သူပေါ့။

သို့သော် ရင်းနှီသူတွေအဖို့ ကျနော်ဟာနစ်နာသူပေါ့။ အဲ့နေ့က မောင့်ရဲ့အမျိုးသမီးက

*ကျေးဇူးပြုပီး အကိုအနားကနေ ထွက်သွားပေးပါလား မောင်လေးရယ် အမထိုင်ပီးရှိခိုးဆိုလည်း ငါ့မောင်လေးစိတ်ကြိုက်ကို ရှိကြီးခိုးပါတယ် *

ဆိုပီးပြောတဲ့ မောင်ရဲ့အမျိုးသမီးကြောင့်ကျနော်ဟာ

*အမကျနော်က Gon Jushinရှိမှာ အိမ်ထောင်ရှိမှန်းတောင် မသိခဲ့ဘူး။ အမယုံမလားတော့ မသိဘူး ကျနော်နဲ့ သူရဲ့ချစ်သူသက်တမ်းကလေ 3နှစ်ကျော်ခဲ့ပီ ။

ဒါပေမဲ့ကျနော်နောက်ကျမှ့ သိရတာက သူ့ရှိမှာ အိမ်ထောင်ရှိနေတယ် ဆိုတာပဲ။ နောက်ပီးကျနော်က အမအမျိုးသားကို ကပ်တွယ်နေတာမဟုတ်ဘူး။ 

Yoonkook three shot collection ✓Where stories live. Discover now