Dear Mg ( end )

95 6 0
                                    

မောင်နဲ့ဖြတ်သန်းရတဲ့ နေ့ရက်တွေက အမြဲတမ်းစိတ်ထဲမှာ ကြည်နူးစရာတွေကြီးပဲရှိနေတယ် ။ မောင်နဲ့အတူ လှပတဲ့မနက်လင်းလေးကို အတူထပြီးတော့ မောင်နဲ့အတူသာယာတဲ့ နေ့လည်ခင်းလေးကို အတူကုန်ဆုံးတယ် ။ တစ်ခါတစ်လေဆိုရင် မောင်နဲ့လှပတဲ့လမင်းကြီးကို နောက်ခံထားပြီးတော့
ငြီးသံတွေအပြည့်နဲ့ အခန်းငယ်လေးမှာ အတူပျော်ကြတယ် ။

သို့သော်ထိုသို့ လှပမှုဟာ အခုနောက်ပိုင်းမှာ ပြောင်းလဲသွားတယ် ။ မောင့်ရဲ့စိတ်တွေ မောင့်ရဲ့အပြုံးတွေက ကျွန်တော်အတွက် ဖြစ်တည်မှု
မရှိတော့ဘဲနဲ့ မောင့်ဘေးနားမှာ အမြဲတမ်းကပ်တွယ်နေတဲ့ မိန်းမလှလေး တစ်ဦးအပေါ်ကိုပဲ ဖြစ်တည်လာတယ် ။

တစ်ခါတစ်လေဆိုရင် စဉ်းစားမိတယ် ကျွန်တော်က တစ်ခြားသော အမျိုးသမီးတွေလို အလှအပမျိုး
မရှိလို့များ မောင်ကကျွန်တော်အပေါ်ကို ငြီးငွေ့သွားခဲ့တာလား ။ ဒါမဟုတ်မောင့်အတွက် သားသမိီးတွေများ မ‌မွေးပေးနိုင်လို့လား မသိဘူးလို့ဆိုတဲ့ရူးကြောင်ကြောင် အတွေးတွေလည်း ဝင်မိတာပေါ့။

"အော်မောင်ရယ် အနေတွေဝေးသွားသလို အချစ်ခံစားနေရတယ် ဟင့် မောင်သာအချစ်ကို မချစ်တော့ရင်လေ အ‌ချစ်သေသွားနိုင်တယ် ။ ကျောင်းအုပ်ဆရာကြီးပြောဖူးသလို ကျွန်တော်တို့လိုလိင်တူအချစ်တွေက မတည်မြဲဘူးဆိုတာကို မောင်ကလက်တွေ့ပြနေတာလား ‌အို မောင်ရယ် "

ဆိုပြီးတွေးနေမိတာပေါ့ အရင်ကဆိုရင် ဘယ်လောက်ပဲစိတ်ညစ်စရာတွေ များများမုန့်ဖုတ်နေရင်းနဲ့ အတွေးတွေက ပျောက်သွားပေးမဲ့
အခုတော့စိတ်တွေက ဘယ်လောက်တောင် ညစ်နေသလဲဆိုတာ လက်မှာရခဲ့တဲ့ ဒဏ်ရာတွေက သက်သေပင်တည်လို့ရနေပြီလေ ။

"အစ်ကိုYoongi နားချင်ရင်နားလိုက်ပါလား Mayaနဲ့ Monaတို့ပဲအတူ လုပ်လိုက်မယ်လေ "

ဆိုလေတော့ ကျွန်တော်က

"အဲ့တာဆိုရင်တော့ အစ်ကိုအပ်ပါတယ်နော် "

ဆိုပြီးပြောရင်းနဲ့ ဆိုင်ရှေ့ကို ထွက်ဖို့အလုပ်
လူကခေါင်းတွေ မူးလာပြီးအကြည့်တွေဟာလည်း ဝေ‌ဝါးလာတာပေါ့ ။ သို့သော်အမှောင်မကျခင်‌အချိန်လေးမှာ

Yoonkook three shot collection ✓Where stories live. Discover now