Prince Jeon lover

88 8 0
                                    

အချစ်ဆိုတာကျား/မ မခွဲခြားဘဲနဲ့ ချစ်လို့ရတဲ့ အရာတစ်ခုမှတ်လား ။ ထိုသို့သော်ချစ်လို့ရတဲ့ အထဲမှာကျွန်တော်ရဲ့ ကြင်သူလေးလည်း ရှိတာပေါ့ ။ ကျွန်တော်ရဲ့ကြင်သူလေးက သိပ်ကိုလှတာဗျ ။ သိပ်ကိုလည်း ညဏ်များတယ် ။ ပြီးတော့သူ့မှတ်ယူထားတဲ့ အရာလည်းရှိတယ် ။အဲ့တာကဘာလည်း
ဆိုတော့ ကျွန်တော်ကို မည်သည့်မိန်းကလေးနဲ့မှ့ အဆက်အဆံ မလုပ်ခိုင်းတာပေါ့ ။

"ကြင်သူလေးရေ အိပ်ယာလေးထပါအုံးကွာ ကိုယ်တော် ဗိုက်‌ဆာလှပြီး "

ဆိုလေတော့ ကြင်သူလေးက

"မနက်စာက အကုန်လုံးပြင်ဆင်ပြီးသွားပြီလေ
ကြင်သူကမင်းသားစားဖို့ကို အစောကြီးချက်ထားပေးပြီးသားပဲလေ ပြီးတော့မင်းသားကို လာနိုးနေ
ရင်းမှ့ အိပ်ချင်လို့ဆိုပြီး အိပ်ပျော်သွားတာ ဟီးး "

ဆိုပြီးရီပြလေတော့ ကျွန်တော်လည်း

"အော်ဟော်ကြင်သူလေးက ပြန်ပြီးတော့ ထပ်အိပ်နေတာပေါ့လေ ဟုတ်လား အပြစ်တော့အပေးခံရတော့မယ်နဲ့တူ‌တယ်နော် "

ဆိုလေတော့ ကြင်သူလေးက

"ဟွန့်မင်းသားကလည်း ကြင်သူလာနိုးပါသေးတယ်နော် မင်းသားကမနိုးတဲ့အပြင် ကြင်သူကိုပါထပ်ပြီးတော့ ဆွဲချသွားတဲ့ဟာကို ဟွန့် "

ဆိုပြီးပြော‌ေလတော့ ကျွန်တော်လည်းရီမိတာပေါ့ ။ ပြီးတာနဲ့မျက်နှာသစ်ပြီးတော့ နန်းဆောင်အပြင်ကို ထွက်ခဲ့တာပေါ့ ။ တစ်ချို့လူတွေ သိကြမှာပါ
နန်းဆောင်ဆိုတာ ဘယ်လောက်တောင်မာယာတွေ များသလဲဆိုတာလေ ။ အတိုင်းပင်ခံတွေကအစ အတွင်းဝန် ၊ အပြင်ဝန် အစရှိတဲ့ဝန်ကြီးအဆုံး ကောက်ကျစ်ကြတာပေါ့ ။

ကျွန်တော်ရဲ့မိခင်နဲ့ ဘုရင်ကြီးတို့ကလည်း ထိုသို့ပင်လူတွေကြောင့် ရှင်လျှက်နဲ့သေသွားသလိုခံစားရပြီး အဆုံးသတ်မှာ ကိုယ့်ကိုကိုယ်အဆုံးစီရင်သွားခဲ့တာပေါ့ ။ သို့သော်ကျွန်တော်ကို ချုပ်ကိုင်ချင်နေကြတဲ့ ဝန်ကြီးတစ်ချို့ကိုတော့ ကြင်သူလေးက အဟန့်အတားလုပ်ထားရတာပေါ့ ။

"ဘုရင်ကြီးနဲ့ ကြင်သူတို့ကြွလာပါပြီ "

ဆိုသောစကားအသံကြောင့် အတွင်းထဲကလူတွေလည်း ငြိမ်သက်သွားတာပေါ့။

Yoonkook three shot collection ✓Where stories live. Discover now