vamwolf love (end )

86 8 0
                                    

ကျနော်ဖွင့်ပြောပီးထဲက သူလေးကိုမတွေ့ရတာ ဒီနေ့နဲ့ဆိုရင် တစ်ပါတ်လောက်ရှိနေပီ။

ကျနော့်ဘက်မှာလည်း လက်ထပ်ပေးကြဖို့ အတင်းတွေလုပ်ကြသေးတာဗျာ။

*ငါပြောနေတယ်နော် ဒီလက်ထပ်ပွဲလုပ်လိုက်ရတဲ့နေ့ ဒီမျိုးနွယ်စုထဲက ငါသေခြင်းနဲ့ထွက်ရတဲ့နေ့‌ပဲ *

ဆိုပီးပြောတော့ ကျနော့်ကိုသူ့သမီးနဲ့ အတင်းရောကာ ပေးစားချင်နေတဲ့ လူက

*ခေါင်းဆောင်က ကျနော့်သမီးကိုငြင်းလွှတ်နေရအောင် ကျနော်သမီးကဘာများ ခေါင်းဆောင်အတွက် ချို့ယွင်းနေလို့လည်း *

ဆိုပ‌ီးမေးတော့ ကျနော်လည်း

*ခင်များသမီးကို မေးဖူးလား သူဘယ်သူနဲ့ချစ်နေပါတယ် သူဘယ်သူနဲ့လက်ထပ်ချင်ပါတယ်လို့လေ ခင်များမေးဘူးလားဟမ် *

ဆိုပီးမေးကြည့်တော့ အဟက်ထိုသူဘက်က မျက်နှာပျက်သွားလေရဲ့။ ဒါကိုကျနော်က

*ခင်များမေးဘူးတာပဲ သူငြင်းနေလို့ ခင်များအချက်ပေါင်းများစွာ ရိုက်နှက်နေတာလည်း ခံရတယ်လေ။ ဘာလို့လည်းသိလား ခင်များအပါအဝင် ဒီကလူတချို့တွေက သူတို့ရဲ့သမီးတွေကခေါင်းဆောင်နဲ့ ယူရင် သူတို့အတွက်ဂုဏ်ရှိမယ်လေ ။

လုပ်ချင်တာလုပ်မယ် ခေါင်းဆောင်ရဲ့အာဏာနဲ့ အနိုင်ကျင့်ချင်တာတွေကျင့်မယ်လေ ။ ခင်များတို့ရဲ့လောဘကြောင့် ကျုပ်တို့လို့လူငယ်တွေက
မချစ်မနှစ်သက်တဲ့သူကို လက်ထပ်ရတယ် ။

အဟက်သိပ်ရီရတယ်နော် ဒါပေမဲကျုပ်ဆိုတဲ့ကောင် အုပ်ချုပ်တဲ့လက်ထပ်မှာ ဒါမျိုးလာမလုပ်နဲ့ ကျုပ်ကိုယ်တိုင်တောင် အဲ့လိုမျိုးတွေမကြိုက်ဘူး။

ဆိုတော့ကာ ဒီနေ့ကစပီးအားလုံးမှတ်ထားကြ ငါ့အမိန့်ကို ။

သားသမီးတွေကို သူတို့ရဲ့ရွေးချယ်မှု သူတို့မနှစ်သက်တဲ့ အရာတွေကိုအတင်းရောကာ လုပ်ခိုင်းတဲ့သူတွေကရှိရင် တဖက်ကိုကပ် *

ဆိုပီးပြောတော့ အဟက်အစောနက လူကြီးက တစ်လှမ်းတောင်မရွေ့ဘူး ။ ဆိုတော့ကာ

*ဘာလို့လည်းရွေ့လေ အခုမှ့ဘာဖစ်တာလည်း *

ဆိုပီးပြောတော့ ထိုလူကြီးကမရွေ့ဘဲ သူ့သမီးကိုတောင်းပန်လေရဲ့။ အဲ့နောက်မှာကျနော်လညး် လုပ်စရာရှိတာတွေကို လုပ်ပီး ရေကန်ကြီးအနားကို ထွက်လာလိုက်တယ်။

Yoonkook three shot collection ✓Where stories live. Discover now