*8*

7.7K 400 22
                                    

(Unicode Vers....)

"ဘောစ့်ရှာခိုင်းတဲ့ ကင်ထယ်ယောင်းအကြောင်း ဒီfileထဲမှာ အပြည့်အစုံပါ ပါတယ်....."

"ကောင်းပြီး မင်းနားလို့ရပြီ......"

"ဟုတ်....."

အတွင်းရေးမှူး လာပေးသော fileကိုကြည့်လိုက်သော ဦးစွာ ကောင်ငယ်လေးရဲ့ ရယ်နေသောပုံလေး ထွက်ပေါ်လာလေရဲ့။ ရယ်လိုက်ရင် နဂိုထက်ပိုပြီး ကောင်ငယ်လေးဟာ ပိုချစ်ဖို့ကောင်းသည်။

သူ ချစ်သော ကောင်ငယ်လေးဟာ မိဘမဲ့တစ်ယောက်တဲ့လား ။ မိဘမဲ့ဂေဟာကနေ ထွက်ပြီး အပြင်မှာရရာအလုပ် လုပ်ရင်းက လိမ်ခံရကာ ရောင်းစားခံရသည်ဆိုပဲ။ ရောင်းစားခံရတဲ့နေရာကလည်း ပြည့်တန်ဆာနေရာတဲ့လား ။

အဲ့ကနေပြီး ကောင်ငယ်လေးဟာ ဂျောင်ဂုဆီရောက်သွားခဲ့တယ်ပေါ့ ။ ဒါဆို ကောင်ငယ်လေးကို သူပိုင်ဆိုင်ရဖို့ အခွင့်အလမ်းက ရာနှုန်းပြည့်နီးပါး သေချာနေပြီပဲ။

ဂျောင်ဂုဆိုတာက ယုရာနဲ့ကွဲသွားပြီးကတည်းက အချစ်ဆိုတာ သူ့ဆီမှာ လုံးဝမရှိတော့ ။ ကောင်ငယ်လေးကို ဝယ်ခဲ့တာကလည်း ခဏတာ တပ်မက်စိတ်ကြောင့်လဲ ဖြစ်နိုင်တာပဲလေ။ ဂျောင်ဂုဟာ ဂေးတစ်ယောက်မှ မဟုတ်တော့ ကောင်ငယ်လေးကို ချစ်လာဖို့ဆိုတာ မသေချာနိုင်။

မဟုတ်သေးဖူး ။ သူသည်လည်း ဂေးမှမဟုတ်ဘဲ ။ ဒါပေမယ့် ကောင်ငယ်လေးကို တွေ့တွေ့ခြင်းမှာတင် သူသည်လည်း  စွဲလမ်းသွားခဲ့ရတာပဲလေ။မြင်မြင်ခြင်းမှာပင် ကောင်ငယ်လေးဟာ သူတို့အဖြောင့်ကိုတောင် ကွေးအောင်လုပ်နိုင်သေးတာပဲ  အနေကြာလာတဲ့ဂျောင်ဂုဟာလဲ ကောင်လေးကို မချစ်နိုင်ဖူးလို့ မပြောနိုင်ပေ။

မတော်တဆ တိုက်မိရာကနေ အသံဩရှရှဖြင့် တောင်းပန်စကားဆိုရင်း သွားတန်းလေးပေါ်သည်အထိ ပြုံးပြလာသော ကောင်ငယ်လေးကို အချိန်ကြာသွားသည်အထိ မမေ့နိုင်ပဲ ခုထိ မနေ့တစ်နေ့ကလို ပြန်မြင်ယောင်မိနေဆဲ။

အလုပ်ကို ဦးမတည်ဘဲ ကောင်ငယ်လေးနောက်ကိုသာ လိုက်သွားခဲ့မည်ဆိုရင် ကောင်ငယ်လေးဟာ သူ့အပိုင်ဖြစ်နိုင်လောက်မည် ထင်ပါရဲ့ ။ ခုတော့ဖြင့် ကောင်ငယ်လေးရဲ့ အပိုင်ဟာ ဂျွန်ဂျောင်ဂု ဖြစ်လို့နေလေရဲ့။

ဂျွန် သခင်ကြီးWhere stories live. Discover now