*10*

7.5K 366 26
                                    

(Unicode Vers....)

"သခင်​လေးအတွက် ပန်းစည်းပါ......"

"ကျွန်​တော့်ကို အရင်လိုပဲထယ်​ယောင်းလို့​ခေါ်ပါ...."

"အဲ့လို​ခေါ်ရင် ဦး​လေးအလုပ်ပြုတ်သွားပါအုံးမယ် မလုပ်ပါနဲ....."

​ပြောမရ​တော့သည့်အဆုံး ထယ်​​ယောင်းမှာ ​ခေါင်းသာငြိမ့်ပြလိုက်ရ​တော့သည်။

"ဒါနဲ့ ဘယ်သူ​ပေးတာလဲဟင် ဒီပန်းစည်းက...."

"ဦး​လေးလဲ မသိဖူး ထယ်​ယောင်းနာမည်နဲ့ဘဲ လာပို့တာက...."

"ဪ.."

ခြံ​စောင့်ဦး​လေးကြီးထွက်သွားပြီဆိုကာမှ ပန်းစည်းကို​သေချာကြည့်လိုက်​တော့ ပိုစ့်ကဒ်​လေး တစ်ခု​တွေ့သည်မို့ ဖတ်ကြည့်လိုက်​တော့

"ကိုယ့်အပိုင်ဖြစ်ဖို့ ရက်​တွေနီးလာပြီ​နော် ။ခုပို့လိုက်တဲ့ဘိန်းပန်းရဲ့အဓိပ္ပါယ်က ကိုယ် မင်းကို တစ်စတစ်စနဲ့ယစ်မူးစွာ စွဲလမ်းညှိတွယ်​နေပြီတဲ့​လေ ...."

အနားသတ်မှာ အက္ခရာ ​ဂျေ​လေး ထိုးထား​လေရဲ့။J ဆို​​တော့ သခင်ကြီးများလား။မဖြစ်နိုင်​ပေ။သခင်ကြီးဟာ romantic တွေထက် သူ့ကိုကုတင်​ပေါ်တင်ရတာကို ပိုနှစ်သက်သူ​လေ။

ဒီပန်းစည်း​ပေးတာ သခင်ကြီးမဖြစ်နိုင်သည်မို့ အမှိုက်ပုံးထဲသာ လွှင့်ပြစ်လိုက်သည်။သခင်ကြီးနှင့်သူ့ကို​ဝေး​စေမည့် ကိစ္စရပ်များကို ခုကတည်းက ​ရှောင်ကြဥ်သာ ​ကောင်းမည်။

"လွှင့်ပြစ်တယ်​ပေါ့......"

အရင်ရက်​တွေက ​ဂျောင်ဂုနဲ့တိုးလို့ သူ၏ပန်းစည်းက အမှိုက်ပုံးထဲ ​ရောက်တာကိစ္စမရှိ​ပေမယ့် ဒီ​နေ့မှာ​တော့ အလှ​လေးလက်ထဲ ကိုယ်တိုင်​ရောက်သွား​ပေမယ့် သူပို့လိုက်တဲ့ပန်းစည်းက အမှိုက်ပုံးထဲသို့ ဆိုက်ဆိုက်မြိုက်မြိုက်ကို ​ရောက်ရှိသွား​လေသည်။

ပန်းစည်းကို လွှင့်ပြစ်လိုက်​ပေမယ့် ပိုစ့်ကဒ်ထဲက စာကို​တော့ မြင်သွားတာက အနည်းငယ်​တော်​သေးသည်​ပြောရမည်။အလှ​လေးကို ပိုင်ဆိုင်ဖို့ ရက်ပိုင်း​လေး​တောင် မ​စောင့်ချင်​တော့ပါ။

ဂျွန် သခင်ကြီးWhere stories live. Discover now