*14*

6.8K 324 23
                                    

(Uni Vers.....)

"​တောင်းပန်ပါတယ် ....."

ယုရာဆိုတဲ့အမ​ကော ဂျိန်းဆိုတဲ့လူကြီးပါ ပြိုင်တူ ဒူး​​ထောက်​တောင်းပန်လာသည်မို့  ထယ်​​ယောင်းမှာ တအံ့တသြဖြစ်သွားရသည်။ သခင်ကြီးကို ကြည့်လိုက်​တော့လည်း မျက်နှာထားကတည်တင်း​နေပြီ ထိုလူနှစ်ဦးကို မျက်​တောင်မခတ်တမ်း စိုက်ကြည့်​နေသည်။

"သခင်ကြီး ....."

သူ​ခေါ်​တော့ လှည့်ကြည့်လာပြီး ခုနကပုံစံနှင့် ခြားနားစွာ ပြုံးပြလာ​လေရဲ့။

"​ယောင်းဆုံးဖြတ် ခံရသူက ​ယောင်း​လေ ။ ​ယောင်းခွင့်လွတ်ရင် ကိုယ်လည်း ခွင့်လွတ်ပြီးသား။အရာရာ ​ယောင်းသ​ဘော....."

"ဟို ​ယောင်း ခွင့်လွတ်တာမို့ ထပါ​တော့......"

"​ကျေးဇူးတင်ပါတယ် တကယ်ကို ​ကျေးဇူးတင်တာပါ ထယ်​ယောင်း......"

"​ဟျောင်းသာဆို လုံးဝခွင့်လွတ်မှာ မဟုတ်ဖူး ​ယောင်း...."

​ကျေးဇူးအထပ်ထပ်တင်ရင်း ထွက်သွား​သော ထိုလူနှစ်ဦးကိုကြည့်​နေရင်း ​နောက်ပါးက​နေ ဆိုလာ​သော ​ဆော့ဂီ​ဟျောင်း။

"ဟျောင်းကလဲ ခွင့်လွတ်လိုက်​တော့ သူ​ကောကိုယ်​ကော ​အေးချမ်းတာ​ပေါ့။ရန်ငြိုးရန်စ​တွေက ပူ​လောင်လွန်းတယ် မထားတာပဲ​ကောင်းတယ်...."

ကာယကံရှင်ကိုယ်တိုင်က ခွင့်လွတ်ပြီဆို​မှ​တော့ ဟို​ဆော့လဲ ထပ်မပြောရန် ဆုံးဖြတ်လိုက်​လေသည်။

"​ဂျောင်ဂုက အပြစ်​ပေးထားပြီးသား ချာတိတ်......"

တိုးတိုး​လေး ကပ်​ပြောလာ​သော ဦးဂျွန်​ကြောင့် ထယ်​ယောင်းပိုင်ရှင်ကိုကြည့်လိုက်လျှင် သူ့အကြည့်ကို နားလည်သည့်အလား ​ခေါင်းအသာ ငြိမ့်ပြလာ​လေရဲ့။

"​ယောင်း​ကော အပြစ်​ပေးပြီးသာ သိလား....."

​ခေါင်းအသာ ခါရမ်းပြလာ​သော ဦးဂျွန်။ထယ်​ယောင်းကို ဦးဂျွန်သူငယ်ချင်းက အထိမခံတုန်​နေ​​အောင် ချစ်တာလဲမ​ပြောနဲ့ တကယ့်ကို အဖြူထည်​​လေး။

"ကိုယ်တို့လည်ကြမလား က​လေးငယ်....."

"သခင်ကြီးလိုက်မှာလား ....."

ဂျွန် သခင်ကြီးWhere stories live. Discover now