*9*

7.3K 372 23
                                    

(Unicode Vers....)

သခင်ကြီးက သူငယ်ငယ်က ကြီးပြင်ရာ​နေရာကို ​ရောက်ဖူးချင်သည်ဆိုသည့်အတွက်​ကြောင့် ယခုသူတို့နှစ်ဦး ​ဂေဟာသို့​ရောက်ရှိ​နေကြသည်။ ​ဂေဟာက ငယ်စဥ်ကအတိုင်း ​ပြောင်းလဲခြင်းမရှိ​သေးသည့်အတွက် ငယ်စဥ်က​လေးဘဝက အမှတ်တရ​တွေကို​တောင် ပြန်မြင်​ယောင်လာသလိုပင်။

မိဘမရှိ​ပေမယ့်လည်း စစ်စတာဟာ မိဘအရင်းသဖွယ်ပြုစု​စောင့်​ရှောင့်​ပေးသည့်အတွက်​ကြောင့် ငယ်စဥ်ဘဝဟာ အချိုးနှိမ်ခံရတာမျိုးနှင့်အနိုင်ကျင့်ခံရတာမျိုးတို့မရှိခဲ့။မိဘသဖွယ် မားမားမတ်မတ်ရပ်တည်​ပေးသည့်အတွက်​ကြောင့် က​လေးဘဝရဲ့အရသာကို အခြားက​လေးများနည်းတူ လွတ်လွတ်လပ်လပ်  ခံစားခဲ့ရသည်။

ကြီးလာ​တော့လည်း ဒီ​ဂေဟာ​လေးကို ပိုပြီးပြည့်စုံ​ကောင်းမွန်​စေရန်ရည်ရွယ်ချက်ဖြင့် အလုပ်ထွက်လုပ်ခဲ့ရာမှ သူဟာ ​ရောင်းစားခံဘဝကို ​ရောက်ရှိခဲ့​လေရဲ့။ ကံ​ကောင်းတယ်ပဲ​ပြောရမလား အခု​တော့ သူ့ဘဝဟာ သခင်ကြီးရဲ့ ရင်​ငွေ့မှာ ​နွေး​ထွေးလုံခြုံစွာ ရှိ​နေပြီ​လေ။ဒါ​ကြောင့်မို့ သခင်ကြီးဟာ  သူ့ဘဝအတွက် နံပါတ်တစ် အ​ရေးပါဆုံး​သော လူတစ်ဦးပင်။

"​ယောင်း​နေခဲ့တဲ့​နေရာ​လေးက ​ပျော်စရာ​လေးပဲ...."

လက်ကိုတင်းကြပ်စွာစုပ်ရင်းဆိုလာ​သော သခင်ကြီးကို ထယ်​ယောင်းပြုံးပြလိုက်သည်။

"​ယောင်းက ဒီ​နေရာ​လေးကို တိုးတတ်​အောင်လုပ်ဖို့​ဂေဟာက​နေထွက်ခဲ့တာ​လေ ကံအကျိုးမ​ပေး​တော့ ​ရောင်းစားခံရ​ရော ဟီး...."

"​ခု​ကော တိုးတတ်​အောင်လုပ်ချင်စိတ်ရှိ​သေးလား....."

"အမြဲတမ်းရှိခဲ့ပါတယ် သခင်ကြီး....."

"ဒါဆို ​ယောင်းစိတ်ကြိုက် ဒိဇိုင်းဆွဲ ....."

"ဗျာ....."

"​ယောင်းဖြစ်ချင်တဲ့အိပ်မက်​တွေအားလုံးကို ကိုယ်က ဖြည့်ဆည်း​ပေးမယ်...."

မယုံသလို​လေး​မော့ကြည့်လာ​သော သူ့အပိုင်​လေးကို ထပ်မံကာ​ခေါင်းငြိမ့်ပြလိုက်​တော့ တွဲထား​သောလက်ကိုဖြုတ်ကာ ရင်ခွင်ထဲတိုးဝင်လာ​သော သူ့အပိုင်​လေးကို တင်း​နေ​အောင် ပြန်လည်ကာ ဖက်ထားလိုက်သည်။

ဂျွန် သခင်ကြီးWhere stories live. Discover now