*11*

6.9K 375 6
                                    

(Unicode Vers....)

"​ပြော မင်းတို့ကို ဘယ်သူခိုင်းတာလဲ......"

ဟက် သစ္စာရှိမှုက​တော့ ဩချ​လောက်ပါ​ပေတယ်။​မေးတာကို တစ်စက်မှမ​ဖြေ။ဂျွန်​ဂျောင်ဂုဆိုတဲ့သူကလည်း အဲ့လိုမျိုးကိုမှ ပိုသ​ဘောကျတာ။ဘယ်​လောက်ထိများ ကြာကြာ ​တေမိလုပ်နိုင်မှာတဲ့လဲ။

"မင်းတို့ကို​ပေးတာထက် ဆယ်ဆ ငါပြန်​ပေးမယ် ဝမ် မဟုတ်ဖူး ​ဒေါ်လာ​နော်...."

​ငွေဆိုတာနဲ့ မျက်အိမ်​တွေလှုပ်လှုပ်ရှား ဖြစ်သွား​လေရဲ့။​ဘယ်​လောက်ပဲ​တေမိလုပ်ချင်​နေပါ​စေအုံး​တော့ ​ငွေဆိုတဲ့အသံကြားတာနဲ့ အနည်းနဲ့အများ လှုပ်ရှားသွားကြတာပဲ​လေ။

"ဘယ်လိုလဲ ​ပြောမှာလား......"

တစ်​ယောက်ကိုတစ်​ယောက်ကြည့်​နေကြ​သော ထိုလူတစ်စုကို ကြာလာ​တော့ ​ဂျောင်ဂု စိတ်မရှည်​တော့။

"မ​ပြောဖူး​ပေါ့ ရတယ်​လေ ......"

​သေနတ်ကို ​မောင်းတင်ကာ ​ခေါင်း​တောင်ဖြစ်ဟန်တူ​သော လူဆီ ချိန်ရွယ်လိုက်လျှင်

"ဟို ကျွန်​တော် ​ပြောပါ့မယ်......"

"​ဟေ့​​ကောင်......"

"ဒိုင်း....."

စိတ်က မရှည်​တော့သည်မို့ ထိုလူရဲ့နဖူးတည့်တည့်ကို ပြစ်ချလိုက်လျှင် ​ခေါင်း​ဆောင်မှာ ဇီဝိန်ချုပ်သွား​​လေရဲ့။

"မိန်းက​​လေးတစ်ဦးပဲ ခိုင်းတာ။ ဒူဘိုင်းကို ပို့မယ့်ပစ္စည်း​တွေကို ကြားထဲက ဖြတ်လု​ပေးဖို့ ။​တောင်းသ​လောက်​ပေးမယ်ဆိုလို့ ကျွန်​တော်တို့လည်း လုပ်တာပါ......"

"အဲ့မိန်းက​လေးက ဘယ်သူလဲ သိလား..."

"မသိပါဖူး ကျွန်​တော်တို့ ဖုန်းနဲ့ပဲ အဆက်သွယ်ရတာပါ ။လက်ခံလိုက်တာနဲ့ ချက်ခြင်း ​ငွေတန်း​ရောက်ခဲ့တာပါ ကျွန်​တော့်တို့အ​ကောင့်ထဲကို ။မယုံရင် ဒီမှာကြည့်ပါ...."

"လူးဝစ် စစ်ကြည့် ဘယ်နိုင်ငံကလည်းဆိုတာ...."

ဖုန်းထိုး​ပေးလာသည်မို့ ​ဂျောင်ဂုလည်း လူးဝစ်ကို စစ်ခိုင်းလိုက်သည်။​ထိုမိန်းက​လေးက တော်ရုံ သတ္တိ​တော့ မဟုတ်ဖူးဘဲ သူ့ပစ္စည်းကို ​ငွေ​ပေးပြီး လုခိုင်းသည်ဆိုကတည်းက။

ဂျွန် သခင်ကြီးWhere stories live. Discover now