*The End*

9K 368 7
                                    

(Uni Vers....)

ရက်ကို လစား ၊လကို နှစ်စားနှင့် ဘာလိုလိုနဲ့ သား​လေးတို့​တောင် ​အလယ်တန်းရောက်လာ​လေပြီဖြစ်သည်။ အရင်တုန်းက ဂျွန်စံအိမ်ဟာ ​ခြောက်ကပ်​နေသ​လောက် ခု​တော့ဖြင့် အိမ်ဟာ သား​လေးတို့၏ရယ်သံ၊ ဆူညံသံတို့နှင့်သာ ပြည့်နက်​နေခဲ့သည်။

ခုလည်း သားဖသုံး​ယောက် ဘာ​တွေတွတ်ထိုး​နေ​လဲမသိ။လူကိုကြည့်လိုက် တိုးတိုး​လေးပြန်​ပြောလိုက်နှင့် လုပ်​နေသည့်အတွက် ကြာ​တော့ စိတ်မရှည်​တော့သလို သိချင်စိတ်​တွေကလည်း တစ်ဖွားဖွား ​ပေါ်လာခဲ့ရသည်။

"ဒီသားဖ​တွေ လူခြင်းခွဲမှာလား မခွဲဖူးလား ဒါပဲ​ပြော....."

"ပါးပါး​ယောင်း​တော့ အူ​တွေတို​နေပြီ ခ်ခ်....."

အငယ်​ကောင် ဂျွန်ထယ်ဂု​လေး၏ အ​ပြော​ကြောင့် ထယ်​ယောင်းမှာ မျက်နှာမဲ့ခနဲပင်။

"သိချင်လား ဘာ​တွေ​ပြောလဲ ဆိုတာ ပါးပါး​ယောင်း....."

အကြီး​ကောင်ဂျွန်ထယ်ကူး​လေး၏ အ​မေးကို ထယ်​ယောင်းမှာ ​ခေါင်းအသာ ငြိမ့်ပြလိုက်လျှင် သူ့နား​သို့ လုံးလုံး​လေး​ပြေးလာ​လေရဲ့။ ထယ်​ယောင်းလဲ သားကြီးဖြစ်သူ ထယ်ကူး​လေးကို ​ပါးကို ဘယ်ပြန်ညာပြန် နမ်းလိုက်​တော့ သ​ဘောတကျ ​လေး​ထောင့်ပြုံး​လေးနဲ့ရယ်လာ​လေရဲ့။

သားကြီးဖြစ်သူ ဂျွန်ထယ်ကူးသည် ထယ်​ယောင်းနှင့်ပြုံးတာကစ အမူအရာအဆုံး တစ်ပုံစံတည်းတူပြီး သားငယ်ဂျွန်ထယ်ဂုမှာ​တော့ သခင်ကြီးနှင့်စိတ်ကအစ တစ်ပုံစံတည်း ချွတ်ဆွတ်ပင်။

"ဒယ်ဒီက ဒီတစ်သက် ပါပါး​ယောင်းက ရုပ်ဆိုးလာမှာ မဟုတ်​တော့ဖူးတဲ့။ထယ်ဂုက ​ပြောတယ် ပါပါးက အဘိုးကြီးဖြစ်ရင်​တော့ ရုပ်ဆိုးလာမှာပါတဲ့​လေ...."

ထယ်ဂုကို လှမ်းကြည့်လိုက်​တော့ ယုန်သွား​ပေါ်​အောင် ပြုံးပြလာ​လေရဲ့။ထယ်​ယောင်းလဲ စချင်လာတာနဲ့ မျက်​စောင်းထိုးလိုက်​တော့ မျက်ဝန်း​ထောင့်က​နေ မြင်လိုက်ရတာက ရှုံ့မဲ့မဲ့​လေး ဖြစ်သွား​သော အငယ်​ကောင်မျက်နှာ။

"က​လေးကလား မျက်​စောင်းလာ​ထောင်​နေတယ်....."

"ဂျွန်ထယ်ဂု မင်းဘာ​ပြောတာလဲ ......"

ဂျွန် သခင်ကြီးWhere stories live. Discover now