*12*

6.8K 381 17
                                    

(Uni Vers....)

"ဂျောင်ဂု ......"

နမ်ဂျွန်​ခေါ်​ပေမယ့် တုံ့ပြန်ခြင်းမရှိ အရက်ကိုသာ အဆက်မပြတ်​သောက်​နေ​လေရဲ့။​ခြေယာ​ဖျောက်​တော်သည်လို့ပဲ ​ပြောရမည်လား သူတို့၏လူများ တစ်မြို့လုံးနှင့် တစ်ခြားနိုင်ငံများကိုပါလူဖြန့်ကာ  ရှာ​သော်လည်း ဂျိန်းရဲ့အရိပ်အ​ယောင် တစ်စက်က​လေးမှကို ရှာမ​တွေ့ခဲ့သာ ခုဆို နှစ်ရက်​မြောက်ရှိ​လေပြီ။

ဂျောင်ဂုမှာလည်း သူ့အပိုင်​လေး ​ပျောက်သွားတဲ့​နေ့ကစ အရက်​သောက်မပြတ်​တော့။ အရင်ကထက်လည်း စိတ်ဆက်လာပြီး ​သွေးဆူလွယ်လာသည်။​

"​ဂျောင်ဂု အရက်​ထိုင်​သောက်​နေမယ့်အစား တစ်ခုခု စဥ်းစားပါလား....."

တုံ့ပြန်မှုမလာ ​သောက်မြဲ​သောက်ဆဲပင်။

"မာ​ကျောခက်ထန်တဲ့ ​ဂျောင်ဂု ဘယ်​ရောက်သွားတာလဲ ......"

​ဒီစကားက ထိ​ရောက်ပုံ​ပေါ်သည် ​သောက်​နေရာက​နေ သူ့ကိုလှမ်းကြည့်လာ​သော ​ဂျောင်ဂု။

"မင်းအပိုင်​လေးနဲ့ပတ်သတ်လို့ မင်းဆီမှာ အရှုံး​ပေးဖို့ နည်းလမ်းကလွှဲပြီး မရှိ​တော့ဖူးလား....."

"ငါ့ပုံစံက အရှုံး​ပေးတဲ့ပုံစံ​ပေါက်​နေတာလား ....."

အရက်ခွက်ကို ​​စောက်ချရင်းတိုလာ​သော ​ဂျောင်ဂု။

"ငါ့အတွက် အရှုံးဆိုတာ လုပ်ငန်းပိုင်းပဲရှိ​စေရမယ် နှလုံးသားပိုင်း မပါဖူး နမ်ဂျွန်....."

"ဒါဆို မင်း ဘာလို့အရက်ပဲ​သောက်​နေမှာလဲ တစ်ခုခု လုပ်ပါလား......."

"ဘာလို့အဲ့​လောက်​လော​နေတာလဲ ပိုင်ရှင်ဖြစ်တဲ့ငါ​တောင် မ​လောဖူး....."

စိမ်​ပြေမ​ပြေထိုင်​နေပုံက ​ဂျောင်ဂုမှာ အစကတည်းက အကြံအစည်ရှိပုံပင်။ကိုယ့်မှာသာ အမှားမကင်းလို့ စိုးရိမ်ပူပန်​နေရတာ ။ဒီ​ကောင် ငြိမ်​နေကတည်းကရင်းကို သိခဲ့သင့်တာ။

"အစီစဥ်​​လေး​ပြောသင့်တယ်မထင်ဖူးလား ​ဂျောင်ဂု ။မဟုတ်ရင် ချာတိတ်မှာ သူ့အမှားမကင်းလ်ု့ဆိုပြီး အစားလည်းမစားသလို အိပ်လည်း မအိပ်ဖူး ဖြစ်​နေတယ်....."

ဂျွန် သခင်ကြီးWhere stories live. Discover now