"ကိုကို!!!!!!"
ရုတ်တရက် အကျယ်ကြီးအော်ခေါ်လိုက်သည့် အသံကြောင့်
ထယ်ယောင်း အမှန်တကယ် လန့်ဖြန့်သွားမိသည်။
လှည့်ကြည့်လိုက်တော့ ဘေးအိမ်က ကပ်ပါးကောင်။ဖြူဖြူဖွေးဖွေး
ကောင်ကလေးက
ကျောင်းဝတ်စုံကို သပ်သပ်ရပ်လေးဝတ်ဆင်ထားပြီး သူထွက်အလာကို စောင့်နေပုံရသည်။
လက်ကလည်း အငြိမ်မနေ
ခြံတံခါးဘေး စိုက်ထားသည့် ပန်းပင်ပုလေး၏ အရွက်များ
ကို တစ်ရွက်ချင်းခြွေချ
နေသေး၏။"ကျစ်!
ဘာလို့ အကျယ်ကြီးအော်နေတာလဲ""ကိုကိုမှ လှည့်မကြည့်တာကို
ဒီနေ့ ပါပါး ကားမရှိလို့ ကိုကို့ကားနဲ့ပဲ လမ်းကြုံလိုက်ခဲ့မယ်
.....နော်"ကားတံခါးဆွဲဖွင့်နေသည့် ထယ်ယောင်းလက်တွေ ရပ်တန့်သွားပြီး နောက်ကိုလှည့်ကြည့်လိုက်တော့ အနှီကလေးပေါက်က သူ့ကို ခပ်ငေးငေးလေးမော့ကြည့်နေသည်။
"အထက်တန်းပဲရောက်နေပြီ
ကိုယ့်ဘာသာမသွားတတ်ဘူးလား ဂျီမင်းရာ""ကိုကိုကလည်း"
ခြေတစ်ဖက်ကို ဆောင့်ရင်း
စူပုတ်ပုတ်ဖြစ်နေတဲ့ကောင်ကလေးကို
သူမခေါ်ချင်ဘူး။ ဒီကောင်လေးက သူ့ကိုဆို သိပ်ကပ်လို့
ပီကေလိုမျိုးပဲ
ခွာရသိပ်ခက်တာ......။" ညနေ ချိန်းထားတာရှိတယ်။
အိမ်ပြန်ဖြစ်မှာမဟုတ်ဘူး
ကားပါယူသွားမှာ""ဘယ်သူနဲ့လဲ"
" ဂျီမင်း !!!!"
ခပ်စူးစူးလေးအော်ပေးလိုက်တော့ သူ့ကိုမော့ကြည့်လာသည်-
"အဲ့တာဆို မနက်ပိုင်းတော့
လိုက်ခဲ့မယ်..ညနေကျ bus နဲ့ပဲ ပြန်လိုက်မယ်လေ"
"နော်...ကိုကို~"ခပ်တိုးတိုးလေးဆိုလာတော့
လည်း သူမငြင်းနိုင်။" အင်း သဘောပဲ"
>>>>>>>>>>>
"နောက်ကျလိုက်တာထယ်ယောင်းရာ"
"အင်း..ဂျီမင်းကို ကျောင်းဝင်ပို့နေလို့"
" ထယ်ယောင်း အဲ့ကလေးက မင်းကို သိပ်ကပ်တာပဲ
ရိုးရောရိုးရဲ့လား"
YOU ARE READING
Love me again. Please ~
Fanfictionဘေးအိမ်က ကောင်လေး မျက်စိလည် လမ်းမှားပြီး သူ့ဆီ ပြန်ရောက်လာရင် သိပ်ကောင်းမယ်။ (ကိုကိုတို့ နောက်တစ်ခေါက် အစကနေပြန်ချစ်ကြရအောင် ကလေးငယ်) Start at - 9.1.2023 (Mon)