💔Part - 7💔

839 84 3
                                    

/"ကိုကို~"

"အားးးးး ဂျီမင်းးး
မသွားနဲ့ ....မသွားပါနဲ့ ...."/

ထယ်ယောင်းအတွက်

ဆိုးဆိုးရွားရွားအိပ်ပျက်ညတွေ။

တစ်ချို့ညတွေမှာ ဂျီမင်းဟာ သူ့အိမ်မက်တွေထဲ နွမ်းနွမ်းလျလျ။
တစ်ခါတလေ နှစ်နှစ်ခြိုက်ခြိုက်ပြုံးပြပေမယ့်
အများဆုံးမက်လေ့ရှိတဲ့အိမ်မက်က
သူ့ဆီကနေ အဝေးဆုံးကို ပြေးထွက်သွားတတ်တာ။

အိမ်မက်ထဲမှာရော
လက်တွေ့မှာရော
ဂျီမင်းဟာ သူ့ဆီက ထွက်ပြေးနေခဲ့တယ်။
သူဖမ်းဆုပ်မမိနိုင်တဲ့
အဝေးဆုံးနေရာတွေထိ.....။

"ဂျီမင်းက
လုံခြုံတဲ့နေရာမှာပဲရှိနေတာပါ။
သူရှိတဲ့နေရာကိုတော့မပြောပါရစေနဲ့ အစ်ကိုရယ်။
ဒီတစ်ခါ သူထွက်သွားရင် ကျွန်တော်ပါ သိလိုက်မှာမဟုတ်ဘူး။ သူ့ကိုအချိန်ပေးလိုက်ရင်ကောင်းမယ်။ သူ့စိတ်တွေအဆင်ပြေရင် သူပြန်လာမှာပါ။"

ဟိုဆော့ရဲ့ စကားတွေက လက်ခံနိုင်လောက်စရာမို့ သူတို့အားလုံး
ဂျီမင်းစိတ်အဆင်ပြေမဲ့အချိန်ထိ
စောင့်ပေးနေခဲ့ကြသော်လည်း အနှီကလေးငယ်ဟာ အိမ်ပြန်လမ်းကိုမေ့နေခဲ့ပုံပါပဲ။

တစ်နှစ်ဆိုတဲ့အချိန်ဟာ
ဂျီမင်းဒဏ်ရာတွေကို ကုစားနိုင်ပုံမရခဲ့ပါ။

အမြဲတမ်းကပ်တွယ်နေတတ်တဲ့ ကြိုးကလေးကို သူသာ
ခပ်တင်းတင်း
ချည်နှောင်ဖြစ်ခဲ့ရင်....

နှာဖျားထိပ်က မှဲ့ကလေးကို လာနမ်းတုန်းက သူသာမသိချင်ယောင်မဆောင်ခဲ့ရင်....

ရင်ခုန်သံသေးသေးလေးတွေကို
ဥပေက္ခာမပြုမိခဲ့ရင်...

လက်ဖဝါးသေးသေးလေးတွေဟာ ကိုကို့ကမ္ဘာဖြစ်ကြောင်း ဝန်ခံမိခဲ့ရင်....

မျက်စိလည်လမ်းမှားပြီးပဲဖြစ်ဖြစ် ပြန်လာဖြစ်ခဲ့ရင် .....

ခပ်တင်းတင်းတိုးဖက်ရင်း
ကိုကိုမင်းကို
အများကြီးလွမ်းနေခဲ့တဲ့အကြောင်း အတိုးချပြီးပြောပြပါ့မယ်။

Love me again. Please ~Where stories live. Discover now