"ကိုကို"
"ဗျာ့..."
"နိုးပြီလား?"
"အင်း နိုးပြီ ကလေးလေး"
အိပ်ရာထစမို့ ဖုန်းထဲက ကိုကို့အသံက သြရှရှဖြစ်နေ၏။
"နိုးရင် မျက်နှာထသစ်"
"ဟင့်အင်းး မထနိုင်ဘူး ~"
"ဘာလို့လဲ?"
"သဲငယ် လာထူမှ ထနိုင်မှာ"
ယောင်ယမ်းကာ အောက်နှုတ်ခမ်းအား ဖိကိုက်ထားမိသည်။
ကလေးလေး၏ ပါးလေးတွေ ပန်းသီးကလေးလို ရဲခနဲ။
ဒီနောက်ပိုင်းတွေ ကိုကို အရမ်း Flirt လွန်းနေတာ မဟုတ်ဘူးလား?........။"ပိုတယ် အရမ်း!"
"တစ်ကယ်"
"မသိဘူးဗျာ ကိုယ့်ဘာကို ထ"
"လာခေါ်ပါကွာ
သဲငယ် Morning Kiss လေးပေးမှ ကိုကိုတစ်ကယ် ထနိုင်မှာ""ကိုကိုနော်!"
ရှက်ရမ်းရမ်းကာ ခပ်ဆောင့်ဆောင့်ကလေး အော်လိုက်မိပြီးမှ မာမားကြားသွားမည်လည်းစိုးသည်ကြောင့်
တစ်ကိုယ်လုံးအား စောင်ဖြင့်အုပ်လိုက်ပြီး နေလိုက်စဉ် တဒုတ်ဒုတ်လှုပ်ခုန်နေသော မိမိရင်ခုန်သံအား နားရှက်ဖွယ် ပြန်ကြားလိုက်ရတော့သည်။"လာခေါ်ပါကွာ~"
ချွဲပျစ် ချိုအီနေသော ကိုကို့အသံက ကလေးဆန်လွန်းနေ၏။
ဘယ်က တတ်လာတာလဲ?......။
မကြိုက်ပါဘူး အဲ့လိုတွေ.....။"ဟင် ကလေးလေး ..... နော်လို့"
ဒီထက်အချိန်ဆွဲမိနေရင် ကိုကို့ဆီမှ ထပ်ထွက်လာမည့် စကားသံများအား သူ့နှလုံးသားက ခံနိုင်ရည်ရှိမည်မဟုတ်။
"သုံးမိနစ်စောင့်"
"အဟင်း!
ကိုကို့ကလေးလေး အလိမ္မာဆုံး
ချစ်ဖို့အကောင်းဆုံးလေး"ခပ်မြူးမြူးဖြစ်သွားသည့်အသံကြောင့် Jimin အသေအချာ ပြုံးလိုက်မိသည်။
စာဖတ်သူတို့
သတိထားမိကြမလားမသိပေမယ့်....။ဤဇာတ်လမ်းတစ်ခုလုံး၏
၁၁ ခုမြောက်သော စာမျက်နှာချပ်ရောက်သည်အထိလည်း ကလေးလေးဟာ နိဒါန်းတွေအားလုံးမှာ "ကိုကို" နဲ့သာ အစပြုခဲ့သည်......။
YOU ARE READING
Love me again. Please ~
Fanfictionဘေးအိမ်က ကောင်လေး မျက်စိလည် လမ်းမှားပြီး သူ့ဆီ ပြန်ရောက်လာရင် သိပ်ကောင်းမယ်။ (ကိုကိုတို့ နောက်တစ်ခေါက် အစကနေပြန်ချစ်ကြရအောင် ကလေးငယ်) Start at - 9.1.2023 (Mon)