"ကိုကို~"
"ဗျာ့"
ကုတင်ခေါင်းရင်းတွင်မှီရင်း
Taehyung သည်
ဆင်းထားသည့်ပေါင်ပေါ်တွင်
Laptop တင်ကာ ဆိုင်မှ Designer အသစ်၏ လက်ရာအား ကြည့်နေစဉ် အနှီအကောင်ပေါက်လေးက ကုတင်တွင်ကန့်လန့်ဖြတ်လှဲအိပ်ကာ သူ့ဝမ်းဗိုက်ပေါ်တွင် ခေါင်းလေးတင်၍
သက်တောင့်သက်သာလေးရှိနေခဲ့သည်။ဆိုင်ပိတ်ရက်တွေဆို ဒီကလေးက
သူနဲ့ Date ပြီး နေရာအနှံ့မရိုးနိုင်အောင်လျှောက်လည်တတ်ပေမယ့် သည်နေ့လို
မေမေခရီးထွက်သည့်နေ့များတွင်တော့ အိမ်တွင် အလုပ်များလာကူ၍ လိမ္မာတတ်လေသည်။(ဒီကလေးဟာ
ပန်းကန်လေး ၃ ချပ်လောက်ကူဆေးပြီးရင် ......"လိမ္မာလို့
ကိုကိုအရင်ကထက် ကျွန်တော့်ကို
ပိုချစ်သွားပြီမလား"ဟု မျက်နှာကိုချီ၍ မမေ့မလျော့မေးတတ်ဖို့ကိုလည်း သူမမေ့ခဲ့။)
ယခုလည်းသူ့ဝမ်းဗိုက်တွင် တင်ထားသည့် ခေါင်းလုံးလုံးကလေးကို အငြိမ်မနေ။
တိုးဝှေ့ပွတ်သပ်လျက် အချွဲကလေး လုပ်နေလေသည်။"ကိုကိုနဲ့ ကျွန်တော် မင်္ဂလာဆောင်တဲ့ခါကျ
ခန်းမထဲဖွင့်ထားတဲ့ Beautiful in white သီချင်းကြားရင်
လူတွေအများကြီးရှေ့မှာ
ကိုကိုငိုမှာလားဟင်...."အဖြေကိုသိချင်လွန်း၍
နှုတ်ခမ်းဖူးလုံးလေးအား
စူထော်မတတ် အာရုံစိုက်ထားခဲ့ပေမယ့်
ကိုကို့အာရုံတွေဟာ Laptop screen ဆီမှမခွာ။ Design ဆန်းတစ်ခုအား သဘောကျနေသည်မို့ သူ့ကလေးငယ်၏ စကားများအား အမှတ်တမဲ့ဖြေလိုက်မိသည်။"မငိုပါဘူးကလေးရဲ့"
"ဟင် ငိုရမှာလေ
ဘာလို့မငိုတာလဲ"ဝမ်းနည်းသွားပြီ။
အထိတ်တလန့်ဖြင့်
သူ့အား အံ့သြဟန်မျက်လုံးဝိုင်းများဖြင့် လှန်ကြည့်လာပြီးနောက်
စကားထပ်မပြောတော့ဘဲ
သူ့စွပ်ကျယ်အဖြူရောင်အောက်သို့ ခေါင်းကိုလျှိုဝင်လာလေသည်။ ထိုကလေး၏ပါးပြင်နှင့် သူ့ဝမ်းဗိုက်သားတို့ထိကပ်မှုမှ
နူးညံ့သည့် အထိအတွေ့အား
ခံစားလိုက်ရသည်။
YOU ARE READING
Love me again. Please ~
Fanfictionဘေးအိမ်က ကောင်လေး မျက်စိလည် လမ်းမှားပြီး သူ့ဆီ ပြန်ရောက်လာရင် သိပ်ကောင်းမယ်။ (ကိုကိုတို့ နောက်တစ်ခေါက် အစကနေပြန်ချစ်ကြရအောင် ကလေးငယ်) Start at - 9.1.2023 (Mon)