💔Part - 4💔

676 85 11
                                    

"ကိုကို! "

"ကိုကို!"

ဟော...
လာပါပြီ ။ လာပါပြီ။ မနက်ခင်းရဲ့ဆည်းလည်းသံလေး။
ထယ်ယောင်း ခေါင်းကိုသာ အသာခါရမ်းရင်း ပြုံးလိုက်မိသည်။

"ကိုကိုရေချိုးခန်းထဲမှာကလေးရဲ့
ဘာလို့ဇွတ်အော်နေတာလည်း"

"ဘာလုပ်"

"Shaves"
"ကလေး ကိုကို့ကို ညာဘက်စင်ထောင့်နားက Shaving cream လေး ယူပေးပါအုန်း"

"ဒါလား ကိုကို"

ဘူးလေးကိုမြှောက်ပြရင်း လှမ်းမေးလိုက်ပေမယ့် ကိုကိုက ကြားပုံမရ။
မေးစေ့ကြီးပွတ်ပြီး မှန်ထဲက သူ့ကိုယ်သူ ပြုံးပြုံးကြီး ကြည့်နေသည်။

"ဒီတစ်ခုလားဟင်"

"ကိုကို ဒီဘူးလားလို့!"

"အေးအေး အဲ့ဘူးလေးယူခဲ့ပေး
မင်းကလည်းကွာ
ဒါလေးခိုင်းတာကို
စိတ်ချည်းပဲ"

"ကိုကိုက အာရုံမရတာလေ
ကျွန်တော်မေးနေတာ သုံးခါတောင်ရှိပြီကို"
"အေးပါကွာ"

မကျေနပ်သလိုလေး ပြောပြီး
မျက်နှာသစ်ဘေစင်ပေါ်သို့ တင်ပါးလွှဲထိုင်ရင်း
သူ Shaves လုပ်နေတာကို ဘေးနားကနေ နှုတ်ခမ်းလေး တထော်ထော်နဲ့
တမေ့တမောလာငေးနေသည့် ကလေးငယ်ကြောင့်

"လုပ်မလား"

"ဗျာ"

"Shaves လုပ်မလားလို့"

"သားမှာ နှုတ်ခမ်းမွှေးမှ
မရှိတာ"

"အေး!
ကလေးတွေမှာမရှိဘူး အဟား"

မျက်စောင်းနဲ့ ဝင့်ကြည့်လာသည်။သေချာပေါက် နှုတ်ခမ်းကလည်း စူထော်လို့။

"ဘဲပေါက်လေး"

"ကိုကိုနော်
မဟုတ်တာ"

"အမှန်တော့
ကြက်ပေါက်လေးလေ
သိလား?
ကိုကိုက အမြဲဘဲပေါက်လေးခေါ်နေပေမယ့်
ပိကျိ ပိကျိလို့သာ အသံမထွက်တာ
ကလေးက တကယ်
တော့ ကြက်ပေါက်လေးနဲ့တူတာ
ချစ်ဖို့လည်းကောင်းတယ်
ဘယ်လိုလေးလဲမသိဘူးကွာ
ကိုကိုမပြောပြတတ်ဘူး"

ဂျီမင်းပါးလေးတွေရဲခနဲ။
အသားဖြူသူမို့ နားရွက်ဖျား
လေးတွေပါ နီစွေးသွားသည်။

Love me again. Please ~Where stories live. Discover now