💔Part - 1💔

1.6K 98 9
                                    

"ကိုကို!!!!!!"

ရုတ်တရက် အကျယ်ကြီးအော်ခေါ်လိုက်သည့် အသံကြောင့်
ထယ်ယောင်း အမှန်တကယ် လန့်ဖြန့်သွားမိသည်။
လှည့်ကြည့်လိုက်တော့ ဘေးအိမ်က ကပ်ပါးကောင်။

ဖြူဖြူဖွေးဖွေး
ကောင်ကလေးက
ကျောင်းဝတ်စုံကို သပ်သပ်ရပ်လေးဝတ်ဆင်ထားပြီး သူထွက်အလာကို စောင့်နေပုံရသည်။
လက်ကလည်း အငြိမ်မနေ
ခြံတံခါးဘေး စိုက်ထားသည့် ပန်းပင်ပု​လေး၏ အရွက်များ
ကို တစ်ရွက်ချင်းခြွေချ
နေ​သေး၏။

"ကျစ်!
ဘာလို့ အကျယ်ကြီးအော်နေတာလဲ"

"ကိုကိုမှ လှည့်မကြည့်တာကို
ဒီနေ့ ပါပါး ကားမရှိလို့ ကိုကို့ကားနဲ့ပဲ လမ်းကြုံလိုက်ခဲ့မယ်
.....နော်"

ကားတံခါးဆွဲဖွင့်နေသည့် ထယ်ယောင်းလက်တွေ ရပ်တန့်သွားပြီး နောက်ကိုလှည့်ကြည့်လိုက်တော့ အနှီကလေးပေါက်က သူ့ကို ခပ်ငေးငေးလေးမော့ကြည့်နေသည်။

"အထက်တန်းပဲရောက်နေပြီ
ကိုယ့်ဘာသာမသွားတတ်ဘူးလား ဂျီမင်းရာ"

"ကိုကိုကလည်း"

ခြေတစ်ဖက်ကို ဆောင့်ရင်း
စူပုတ်ပုတ်​ဖြစ်နေတဲ့ကောင်ကလေးကို
သူမခေါ်ချင်ဘူး။ ဒီကောင်လေးက သူ့ကိုဆို သိပ်ကပ်လို့
ပီကေလိုမျိုးပဲ
ခွာရသိပ်ခက်တာ......။

" ညနေ ချိန်းထားတာရှိတယ်။
အိမ်ပြန်ဖြစ်မှာမဟုတ်ဘူး
ကားပါယူသွားမှာ"

"ဘယ်သူနဲ့လဲ"

" ဂျီမင်း !!!!"

ခပ်စူးစူးလေးအော်ပေးလိုက်တော့ သူ့ကိုမော့ကြည့်လာသည်-

"အဲ့တာဆို မနက်ပိုင်းတော့
လိုက်ခဲ့မယ်..ညနေကျ bus နဲ့ပဲ ပြန်လိုက်မယ်လေ"
"နော်...ကိုကို~"

ခပ်တိုးတိုး​လေးဆိုလာတော့
လည်း သူမငြင်းနိုင်။

" အင်း သဘောပဲ"

>>>>>>>>>>>

"နောက်ကျလိုက်တာထယ်ယောင်းရာ"

"အင်း..ဂျီမင်းကို ကျောင်းဝင်ပို့နေလို့"

" ထယ်ယောင်း အဲ့ကလေးက မင်းကို သိပ်ကပ်တာပဲ
ရိုးရောရိုးရဲ့လား"

Love me again. Please ~Where stories live. Discover now