❤Part - 8❤

750 80 24
                                    

"ကိုကို~"

နားနားကပ်၍ တိုးတိုးလေးခေါ်သံအားကြားပေမယ့် ထယ်ယောင်း
တမင်အိပ်ချင်ယောင်
ဆောင်နေလိုက်သည်။

သိချင်တယ်။ဒီကလေး ဘာလုပ်မလဲဆိုတာ....

သို့သော်
အတန်ကြာသည်အထိ
လှုပ်ရှားမှုမရှိဘဲ
တိတ်ဆိတ်နေတာမို့ ထယ်ယောင်းမျက်လုံးဖွင့်ကြည့်မိတော့ သူ့အားငေးကြည့်နေသည့်
မျက်ဝန်းမှေးတွေနဲ့ဆုံ၏။

ထို့နောက် အလိုမကျဟန်ဖြင့် စူထော်လာသော နှုတ်ခမ်းဖူးတစ်စုံ။

"ကိုကို တကယ်မအိပ်ဘဲနဲ့!!"

"ဟွန်း....မင်းဘာလုပ်မလဲ သိချင်တာပေါ့ကွ"

"ဆိုင်သွားရမှာကို .....
အပျင်းကြီးမနေနဲ့ ထတော့"

ထယ်ယောင်း "အွန်း"
ဟု သံရှည်ဆွဲပြီး အကျောဆန့်၍ ကုတင်ဘေးရပ်နေသည့် အဝါရောင်ကြက်ပေါက်၏ လက်ကောက်ဝတ်အားဆွဲယူပြီး
ရင်ခွင်ထဲ ဆွဲသွင်းပစ်လိုက်သည်။

"ကလေးလေး"

"ဗျာ"

"Morning Kiss"

"ဟင်"

"Morning Kiss လို့"

ဂျီမင်းက သူ့အား ထူးဆန်းအံ့သြဟန်ဖြင့် ပြူးကြောင်ကြောင်လေးကြည့်နေပြန်၏။

"Morning Kiss လေကွာ..."

ဟု တိုးတိုးလေး
သူထပ်ပြောတော့မှ....

"အား.....ကိုကိုအခုချွဲနေတာလား
ကျွန်တော့်ကို"

"အွန်း"

"ကိုကိုဗျာ.....
မွ မွ ပြွတ်စ်"

အနှီကလေးပေါက်က သူ့အား
အသဲယားနေဟန်ဖြင့် ပါးနှစ်ဖက်အား လက်သေးသေးကလေးများဖြင့် လာရောက်အုပ်ကိုင်၍ နဖူးပြင်မှစကာ မေးဖျားပါမကျန်
မျက်နှာပြင်အနှံ့ အနမ်းပေးတော့သည်။

"ကိုကို့ကို ချစ်လား သဲငယ်"

"အရမ်းပေါ့"

မနက်ခင်းသည်
နုထွေးသော နေရောင်ခြည်တို့ လွှမ်းခြုံ၍ အချစ်တို့ဖြင့်
စတင်ခွင့်ရ၏။
ခပ်ဖွဖွအနမ်းတို့ဖြင့် နိုးထခွင့်ရ၏။

ဤခံစားချက်ကို
စာဖတ်သူများအား
ထယ်ယောင်း အနည်းငယ်မျှ
ခံစားကြည့်စေချင်ပါသည်။

Love me again. Please ~Where stories live. Discover now