💔Part - 5💔

701 80 8
                                    

"ကိုကို~"

ဖုန်းကိုင်ကိုင်ချင်းကြားလိုက်ရတဲ့ တိုးဖျော့ဖျော့လေသံကြောင့် ထယ်ယောင်းလဲလျောင်းနေရာမှ ငေါက်ခနဲထထိုင်မိလိုက်သည်။

"အင်း ကိုကိုပါ
ကိုကိုပြောနေတယ်"

"ကျွန်တော့်ကို လာခေါ်ပေးပါအုန်း"

"ဟင်....ဘယ်မှာ"

"ကိုကို့အိမ်ရှေ့မှာ"

ဝုန်းခနဲထရပ်ရင်း
ဝရံတာရှေ့အပြေးသွားကြည့်မိတော့
အိမ်ရှေ့က သစ်ပင်နားမှာ ရပ်နေတဲ့
ခပ်သေးသေးကိုယ်ငယ်လေး။

"အဲ့မှာပဲရပ်နေ
ကိုကိုလာခဲ့မယ်
ခြေတစ်လှမ်းတောင်မရွေ့နဲ့"

လှေကားထစ်တွေကို ခပ်မြန်မြန်ကျော်လွှားလိုက်ရင်း
ပြေးဆင်းသွားလိုက်သည်။
ဒီကလေးနဲ့ အဆက်သွယ်မရတာ တစ်ပတ်ရှိပြီမလား။
သူဘယ်လောက်တောင်စိတ်ပူနေခဲ့ရသလဲ။

"ကိုကိုရောက်ပြီ"

"ကျွန်တော်သွားစရာနေရာမရှိလို့
ဒီညကိုကို့အိမ်မှာ အိပ်လို့ရလား?

မရဘူးဆိုလည်း ကျွန်တော်
တစ်ခြားနေရာသွားရှာ........"

"ရတယ် ရတယ်
ရတာမို့ ဘယ်မှလျှောက်မသွားနဲ့"

အလျင်အမြန်တားလိုက်ရင်း
လက်ကလေးတစ်ဖက်ကို ခပ်တင်းတင်းဆွဲထားလိုက်မိသည်။
အေးစက်စက်လက်တစ်ဖက်က
ဒီမှာအချိန်အကြာကြီးရပ်နေခဲ့တဲ့သက်သေတွေ။

မှောင်ရိပ်ကျသည့် နေရာမို့ ခြင်ကလည်းကိုက်သည့်အပြင်
တော်တော်လည်း အေးနေပြီမို့

"အိမ်ထဲသွားရအောင်
မေမေတော့အိပ်နေပြီ။
ညနေစာရော
စားပြီးပြီလား?
ကိုကိုဘာလုပ်ပေးရမလဲ?
လက်ကလေးတွေ အရမ်းအေးနေတာပဲ ကလေးရယ်။
ဘယ်ချိန်ကတည်းက ဒီမှာရပ်စောင့်နေတာလဲကွာ....."

အဆက်မပြတ်မေးခွန်းသံတွေကို
ဂျီမင်းက ကြားရောကြားရဲ့လားမသိပါ။
ခနအကြာမှသာ ခေါင်းငိုက်စိုက်နေရာမှ မော့လာပြီး

"ရပ်နေတာတော့ကြာပြီ
ကျွန်တော်ဖုန်းဆက်ရင်
ကိုကိုမကိုင်လောက်ဘူးထင်လို့ပါ"

"မဟုတ်တာ ကိုကို့ကို
အဲ့လိုကြီးတော့
စကားနာမထိုးပါနဲ့ကလေးရယ်"

Love me again. Please ~Where stories live. Discover now