💔Part - 3💔

633 78 11
                                    

"ကိုကို!!!!!"

မနေ့ကလည်း အပြင်လိုက်မယ်ဆိုလို့ ခေါ်ပြီးပြီ။ ခုလည်း မနက် ၇ နာရီခွဲဲကြီး  လာနှိုးနေပြန်သည်။
။ ဘာလဲ ဒီအကောင်ပေါက်။
။သူမဖွင့်ပေးမချင်း တံခါးကို တဒုန်းဒုန်းထုနေတာမို့ မနေနိုင်တော့ ။

"ကျစ်!  ဘာလဲ ဘဲပေါက်ရာ
ကိုကိုအိပ်ကောင်းတုန်းလေကွာ"

"ညနေမွေးနေ့ဒင်နာသွားရင်
ကျွန်တော့်ကိုခေါ်..."

"နော်...ကိုကို~"

တံခါးဝမှာရပ်၍
စူပုတ်နေသည့် ကောင်လေး
ကြောင့် ထယ်ယောင်း သက်ပြင်းသာချလိုက်ရင်း

"မွေးနေ့က သူငယ်ချင်းတွေပဲ သီးသန့်ဖိတ်တာလေကွာ
ဘာလိုက်လုပ်မှာလည်းမင်း"

"ပြီးတော့ စီနီယာတန်းတွေလေ
မင်းတစ်ယောက်ထဲ ကြောင်နေလိမ့်မယ်
လူစုံတုန်းလေးဆိုတော့
သောက်ကြစားကြရင်း
ညဉ့်နက်အုန်းမာနဲ့
မလိုက်ချင်ပါနဲ့ ကလေးရယ်"

ချော့ချော့မော့မော့လေး
ပြောလိုက်လည်း ဒီအဆိုးအပေလေးက ရမနေ။
မကျေနပ်ကြောင်းပြနေသည့် နှုတ်ခမ်းဖူးတွေက စူထော်နေပြီး သူ့ကိုပင် ပြေးထိုးတော့မတတ်။

သူ ခေါင်းကိုသာ ခပ်ကြမ်းကြမ်းဆွဲဖွလိုက်မိသည်။ဒီကောင်လေးလိုက်လို့မဖြစ်ဘူး။
သူ့မှာလည်း Plan နဲ့မလား။
ထယ်ယောင်းအကြံအိုက်သွားရသည်။

"လိမ္မာပါတယ်ကွာ
နောက်တစ်ပတ်ပိတ်ရက်ကျ
ကိုကိုတို့ကျောင်းမှာ
မေဂျာလိုက် ဘောလုံးစုကန်ကြမှာ
ကိုကိုလာခေါ်မယ်လေ
အဲ့ကျမှ လိုက်ခဲ့.... နော်"

ခေါင်းလုံးလုံးလေးအား ဖိကိုင်ရင်း ဆိုလိုက်တော့ မော့ကြည့်လာတဲ့ မျက်ဝန်းအိမ်ထဲမှာ
မျှော်လင့်ချက်တို့အ​​ပြည့်။

"ပြီးတာပဲ
ယောင်္ကျားကတိနော်ကိုကို~"

အဲဒီနေ့ညနေက
ကိုကို့ရဲ့ ဘောလုံးကန်နေတဲ့ပုံစံလေးအား ပုံဖော်ကြည့်ရင်း ပျော်နေတဲ့ ကောင်လေးရယ် ၊ မွေးနေ့ဒင်နာမှာ Propose လုပ်ထားတဲ့ ယွန်းဆီက အဖြေရပြီး ပျော်နေတဲ့ ထယ်ယောင်းရယ်။အဲ့ဒီက စပြီးလွဲခဲ့ကြပုံပဲ။

(အဲ့ဒီကလေးကိုတော့
ဘယ်ကစပြီးလွဲခဲ့ကြတာလဲ
သွားမမေးနဲ့လေ။
မဖြေတတ်လောက်ဘူး။
သူ
ပြူးကြောင်ကြောင်လေး
ပြန်ကြည့်နေအုန်းမှာပဲ။
သူသိတာက ကိုကို့ကို ခပ်တင်းတင်းလေး ဖက်တွယ်ထားရင် ရပြီလို့ပဲထင်ခဲ့တာကို။)

Love me again. Please ~Where stories live. Discover now