🌼ဇနီးချော၏အမိန့်🌼Part-2

11K 230 5
                                    


🌼ဇနီးချော၏အမိန့်🌼Part-2

"အား...ကျွတ်...ကျွတ်"

"ရလား...ကိုယ်ဖြုတ်ပေးရမလား"

"ဟင့်အင်း...ရတယ်"

ကလစ်ပေါင်းများစွာနဲ့အထိုးခံထားရတဲ့ ဆံပင်အိအိလေးတွေဖြည်ချရင်း ကော်တွေနဲ့ကပ်နေသဖြင့်် သျှင်ညည်းညူရင်း ငိုမဲ့မဲ့လေးဖြစ်သွားရသည်။

"အမေ့!..."

"အာ...Sorry"

မှန်တင်ခုံရှေ့ထိုင်နေတဲ့ သျှင့်နောက်ဘက်မှာ အရပ်မြင့်မြင့်မားမားကြီးနှင့်သူလာရပ်ပြီး ကလစ်တွေကူဖြုတ်ပေးသည်မို့ အနုအရွမလုပ်တတ်တဲ့ဦးကြောင့် မငိုရုံတမယ်လေး မဲ့မဲ့သွားရသည့်သျှင်။

ညတွင်းချင်းပဲ ဒေါ်တင်တင်မာမဂ်လာလက်ဖွဲ့အဖြစ်ပေးတဲ့ ရန်ကင်းကအိမ်ကို ကားမောင်းထွက်လာခဲ့သည့်ဦးကြောင့် သျှင့်ကိုဆံထုံးဖြုတ်ပေးမယ့်သူဆို ဘယ်သူမှမရှိရခြင်းပင်ဖြစ်သည်။

ရေချိုးဖို့အခန်းထဲဝင်လာပြီးမှ ဒါဟာသူ့အပြစ်ဖြစ်နေတာကြောင့် စိတ်ရှည်လက်ရှည်ဖြုတ်ပေးရင်း မိတ်ကပ်လေးတွေနဲ့ဝင်းပနေအောင်လှတဲ့ မျက်နှာနုနုလေးကို သူငုံ့ကြည့်မိသွားသည်။နှုတ်ခမ်းနီကြောင့်လားဘာလား သူ မသိပေမယ့် ပန်းနုရောင်ဖျော့ဖျော့လေးနှင့် နုထွေးနေသောနှုတ်ခမ်းလေးတွေလှတာတော့ သူသေသေချာချာသိပါသည်။

ဦးအကြည့်ကဆံပင်ကိုဖြည်ပေးရင်း ဖွေးဥပြီးဝင်းအိနေတဲ့ လည်ဂုတ်သားလေးတွေဆီရောက်သွားသဖြင့် မှန်ထဲကတစ်ဆင့်မြင်ရသောသျှင် ချောင်းဟန့်လိုက်မှသတိဝင်လာကာရှက်ရှက်နှင့် မျက်နှာတစ်ချက်ပြန်ပွတ်ရင်း ဆံပင်ကိုဆက်ဖြည်ပေးရ၏။

ဟွန်း...သူ့ဂုတ်လေးကြည့်မိတာနဲ့ လူကိုနှာဗူးများမှတ်နေလားမသိဘူး၊ချောင်းဟန့်လေးဘာလေးနဲ့ တွန့်တိုနေလိုက်တာ၊ဆွဲကိုက်ပစ်လိုက်ရ။

အရက်နံ့က စောစောကမရပေမယ့် သူအနားမှာကြာကြာလာရပ်နေမှ အနံ့ကသိသာစွာထွက်လာသဖြင့် သျှင်နှာခေါင်းလေးရှုံ့လျက်...၊

"ဦးမြန်မြန်လုပ်ပေး...သျှင်ခေါင်းမူးလာပြီ၊အရက်နံ့ကမွှန်နေတာပဲ"

🌼ဇနီးချော၏အမိန့်🌼Where stories live. Discover now