🌼ဇနီးချော၏အမိန့်🌼Part-16

6.3K 125 3
                                    


🌼🌼🌼ဇနီးချော၏အမိန့်🌼🌼🌼Part-16

🌼🌼🌼🌻🌼🌼🌼

🌼လအနည်းငယ်ကြာပြီးနောက်...🌼

"အဲ...အဲ"

"အဟား...သမီးလေးကစကားတွေပြောနေတာလား ဟုတ်လား...ဒက်ဒီကိုဘာတွေပြောချင်နေတာလဲကွ...ဟင်...ပြောပါဦး"

ကြိမ်ပုခက်ထဲ၌ တအဲအဲနှင့်ဖအေကို အသံပေးနေတဲ့ သမီးလေးကိုပွေ့ချီရင်း ဦးပြုံးပြုံးကြီးဖြင့် ရွှင်မြူးနေသည်။

လသားအရွယ်လေးက ဘာစကားတွေများပြောတတ်ဦးမှာလဲ။ဒါကိုပဲ တတွတ်တွတ်နဲ့အဖော်လုပ်ပေးရင်း ဆေးရုံကပြန်တည်းက ရေမချိုးနိုင်သေးသည့် ဦးကိုသျှင်ကပဲရေနွေးစပ်ပေးပြီး သမီးကိုတလှည့်ချီဖို့ပြင်ရသည်။

ဂျူးဂျူးလေးမွေးပြီးတည်းက မိုးလင်းသမီးမိုးချုပ်သမီးနှင့် ပါးစပ်ဖျားကမချနိုင်ဖြစ်သည့်ဦးကြောင့် ကြာရင်သျှင့်ကိုပါမေ့သွားမလား ထင်ရသည်ထိအမြင်ကတ်ဖို့ကောင်း၏။

"ရေချိုးတော့လေ...နောက်ကျနေပြီ"

"ဟုတ်ပါပြီဗျာ...သမီးလေးရေ ဒက်ဒီရေချိုးလိုက်ဦးမယ်နော်...ခဏပဲပြန်လာခဲ့မယ်"

"အို!...ဦးနော်...ဆေးနံ့တွေနံနေတာကို"

"Sorryကွာ...ဦးမေ့သွားတယ်၊ဒါပေမယ့် ထပ်နမ်းချင်သေးတယ်...အဟွန်း"

သမီးကိုဦးလက်ထဲမှပြန်လွှဲယူလိုက်ချိန် ပါးတစ်ဖက်ကို"ပြွတ်ခနဲ"အသံမြည်အောင် နှုတ်ခမ်းညိုတိုတိုနှင့် အတင်းဖိနမ်းခံလိုက်ရသဖြင့် ဆေးရုံအနံ့အသက်တို့ရလိုက်တဲ့ဦးအကျီကအနံ့ကြောင့် သျှင်နှာခေါင်းလေးရှုံ့ရင်း မဲ့မိပေမယ့် ဦးဆောရီးပြောပြီး နောက်ပါးတစ်ဖက်ကိုထပ်နမ်းပြီးမှ ရေချိုးခန်းထဲဝင်သွားသည်။

တစ်နေ့ခင်းလုံးမအိပ်ခဲ့တဲ့သမီးဟာ ဦးရေချိုးခန်းထဲကထွက်လာချိန်ကျမှ နို့စို့ပြီးအိပ်ပျော်သွားတာ
ကြောင့် ရေချိုးသဘက်ဖြူကြီး ခါးအောက်ပိုင်းပတ်၍ ကြိမ်ပုခက်နားခါးကြီးထောက်ရပ်ကာ သမီးကိုစိုက်ကြည့်ပြီး...၊

"ဟွန်း...အိပ်သွားပြီပေါ့ ဂျူးလေးနဲ့ဒက်ဒီစကားတွေပြောချင်သေးပါတယ်ဆိုကွာ...ပြောစကားနားမထောင်ဘူး၊သူ့အမေအတိုင်းပဲ..."

🌼ဇနီးချော၏အမိန့်🌼Where stories live. Discover now