🌼ဇနီးချော၏အမိန့်🌼Part-7

7.5K 163 1
                                    


       🌼🌼🌼ဇနီးချော၏အမိန့်🌼🌼🌼Part-7

                        🌼🌼🌼🌻🌼🌼🌼

"သျှင်လေး..."

"မထိနဲ့"

"ဟောဗျာ...ဘာလုပ်မိလို့လဲ"

တစ်ဖက်စောင်းနေတဲ့ဇနီးလေး၏ လက်မောင်းနုနုလေးထိကြည့်ပေမယ့် အထိမခံဆတ်ဆတ်ကျဲဖြစ်နေပုံလေးက တကယ့်ကိုကလေးဆိုးလေးမို့ သူရယ်ချင်စိတ်မနဲထိန်းထားရသည်။

"ဟပ်ချိုး!...ဟပ်ချိုး!..."

လက်ကိုင်ပုဝါအပြာပွင့်လေး နှာခေါင်းပွတ်ရင်း ဦးကိုပဲမျက်စောင်းထိုး၍ မကျေမနပ်ဖြင့်ငဲ့ကြည့်ကာ နှာချေနေတဲ့သျှင့်ပါးလေးတွေ ဆွဲဖျစ်ကာသူပြုံးပြီး...၊

"ဆောရီးပါကွာ...ဦးချစ်တာများသွားတာ တကယ်တောင်းပန်တယ်"

"ညာနေတာ...လူကိုသက်သက်မဲ့ဆေးခါးတွေသောက်ရအောင် ဒုက္ခပေးတာ"

"အဟွန့် ...တကယ့်အဆိုးလေးသိလား၊ဆေးလုံးလေးသောက်ရတာ အကောင်လိုက်ဝါးစားတော့မယ့်အကြည့်တွေနဲ့သတ်နေတာ "

"ဘုတ်!..."

"အ!..."

ရင်ဘတ်ကိုချက်ခြင်းလှည့်ထုလိုက်ကာ နှာခေါင်းရဲရဲလေးဖြင့် မော့ကြည့်လာတာမို့ မျက်စိတစ်ဖက်မှိတ်ပြပြီး ရင်ဘတ်လေးဖိလျက်နာချင်ယောင်ဆောင်လိုက်သဖြင့် သူမဆက်မထုတော့ဘဲ မျက်စောင်းလေးခဲလေသည်။

ချစ်တဲ့အကြောင်းတွေတဖွဖွပြောပြီး ရေချိုးရင်းအေးနေတာကိုပင် အလျော့မပေးဘဲ သူ့ရဲ့ဇွတ်တရွတ်အနိုင်ယူခြင်းကြောင့် ဖျားလုနီးနီးဖြစ်၍ ဆေးသောက်ထားရတဲ့သူမက ဦးကိုမကြည်လင်သည်မှာ ဆေးကြောက်တတ်သောသျှင့်ရဲ့ပင်ကိုယ်စိတ်ကြောင့် ပင်ဖြစ်၏။

ကလေးငယ်လေးလို ဆေးလုံးကြောက်တတ်တဲ့ ဒီကောင်မလေးကိုစိတ်မချဖြစ်ရင်း ဂရုတစိုက်ပြုစုပေးတဲ့သူကိုယ်တိုင်ကပါ အဖျားနွေးနွေးလေးကျန်နေသည်လည်း ဂရုမစိုက်မိဘဲ သျှင်လေးကိုသာသူ့ကြောင့်ကိုယ်လေးနွေးနေသဖြင့် စိတ်မကောင်းဖြစ်ရသည့်ဦးဟာ အရိပ်တကြည့်ကြည့်နှင့်အပါးက မခွာနိုင်ထိဖြစ်ရ၏။

နှာခေါင်းလုံးလေးတွေရဲပြီး နှာချေနေရင်ကို သူ့မှာပျာပျာသလဲနှင့် ငေးကြည့်နေခဲ့ရကာ... ၊

🌼ဇနီးချော၏အမိန့်🌼Where stories live. Discover now