🌼ဇနီးချော၏အမိန့်🌼Part-1

20.7K 312 2
                                    


🌼🌼🌼ဇနီးချော၏အမိန့်🌼🌼🌼Part-1

"ဘယ်ကပြန်လာတာလဲ သား..."

"စင်ဒီ့ကိုမုန့်လိုက်ကျွေးပြီးပြန်လာတာ မေမေ..."

"အင်း...မင်းအဲ့မိန်းကလေးကိုမဖြတ်သေးဘူးလား၊အနားနီးမှမေမေစိတ်မညစ်ချင်ဘူးနော်..."

"ဟုတ်...ကျွန်တော်အချိန်ယူနေတုန်းမို့လို့ပါ၊မေမေစိတ်မရှုပ်စေရပါဘူး...သွားနားတော့မယ်"

"အင်းပါသားရယ်...သားလည်းသိပ်စိတ်ညစ်မခံပါနဲ့၊သျှင်လေးကကလေးစိတ်မကုန်သေးတာကလွဲရင် အားလုံးချစ်ဖို့ကောင်းတဲ့ကလေးမလေးပါ၊သားသူ့ကိုအချိန်တစ်ခုရောက်လာရင် ချစ်သွားမှာပါ၊မေမေကဖိတ်မဲ့ဖိတ်ကိုယ့်အိတ်ထဲပဲ ဖိတ်စေချင်လို့စီစဥ်ရတာ၊ဒါတွေအားလုံးသားကိုချစ်လို့ဆိုတာ မမေ့ပါနဲ့...မေမေ့သားလေးကိုအမျိုးတော်ချင်တာ မေမေ့ကိုနားလည်ပေးပါနော်...မေမေတောင်းပန်တယ်"

မျက်ရည်ဝဲလျက် သူ့လက်ဖဝါးပြင်အား နွေးထွေးစွာဆုပ်ကိုင်ရင်းပြောနေသည့် မာတာမိခင်ကြောင့် ဦးသက်ပြင်းခိုးချရင်း အားတင်းပြုံး၍ခေါင်းညိတ်ပြရလေသည်။

သူ့အသက်ဆယ်နှစ်သားအရွယ်တည်းက ဒေါ်တင်တင်မာတို့အိမ်၌ကားမောင်းသည့် ဦးဖေဖေကအဆုတ်ရောဂါကြောင့် ဆုံးပါးသွားခဲ့သဖြင့် မိဘမဲ့သွားတဲ့သူ့ကို ဒေါ်တင်တင်မာသည်အမွေစားအမွေခံသားအဖြစ် မွေးစားခဲ့သည်။သားအရင်းတစ်ယောက်ပမာ အလိုလိုက်ချစ်ပေး၊မေတ္တာတွေအပြည့်အဝပေးကာ ဂရုတစိုက်ပြုစုပျိုးထောင်ပေးခဲ့သည့် ကျေးဇူးရှင်မာတာမိခင်ကြီး၏ဆန္ဒကို သူ မငြင်းပယ်ရက်ပေ။

သားအရင်းနှစ်ယောက်ရှိသော်လည်း အချစ်တွေမလျော့ပဲ ဦးကိုပါတန်းတူညီမျှ သူမသားတွေနှင့်အတူချစ်ပြီး ခုလိုခွဲစိတ်အထူးကုဆရာဝန်ကြီးဖြစ်အောင်ပင် ပံ့ပိုးထောက်ပံ့ပေးခဲ့သည့် ကျေးဇူးရှင်ဒေါ်တင်တင်မာဟာ သူ့အတွက်တော့ အမေလည်းဟုတ်သလို အဖေလိုပါအရိပ်အမိုးပေးခဲ့တာကြောင့် ချစ်ရသူနှင့်ဘယ်လိုမျှမလဲဖယ်နိုင်ပေ။

ချစ်သူကိုချစ်ခဲ့တာမှန်ပေမယ့် မေမေ့လောက်ဘယ်အရာကမျှ အရေးမကြီးသဖြင့် သူမလွန်ဆန်ဝံ့ပါ။မေမေ့ဆန္ဒကိုသာလျှင် သူဦးစားပေးဖို့ဆုံးဖြတ်ထားပြီးသားပါ။

🌼ဇနီးချော၏အမိန့်🌼Tempat cerita menjadi hidup. Temukan sekarang