🌼ဇနီးချော၏အမိန့်🌼Part-15

5.8K 129 0
                                    


        🌼🌼🌼ဇနီးချော၏အမိန့်🌼🌼🌼Part-15

                     🌼🌼🌼🌻🌼🌼🌼

"ကြာဇံဟင်းခါးပါတယ်...တို့ဟူးသုပ်...ရှောက်သီးသုပ်၊ခေါက်ဆွဲသုပ်..."

"မ...မနွေး...အသုပ်သည်ခေါ်ပေးပါဦး"

ထမင်းစားဖို့ထိုင်နေပြီးကာမှ အသုပ်သည်အသံကြားလို့ ထဖို့ပြင်ရင်းနွေးနွေးကိုလှမ်းခေါ်ခိုင်းလိုက်တဲ့
သျှင်ကြောင့် ဦးဆတ်ခနဲခေါင်းကြီးထောင်၍ ဖင်တကြွကြွဖြစ်သွားရသည်။

တားရင်လည်း စိတ်ဆိုးပြီးမခေါ်နိုင် မပြောနိုင်ဖြစ်ဦးမည့်ဇနီးလေးက လွှတ်ထားလို့လည်းမဖြစ်။အသုပ်တွေစားပြီးဗိုက်နာရင် အထဲကကလေးရော လက်တစ်ဆစ်မလေးပါ ထိခိုက်ရမှာမို့ ဗိုက်လေးရှေ့ကိုတော်တော်ထွက်နေပြီဖြစ်တဲ့ သျှင် ဂါဝန်ဖားဖားလေးတကားကားနှင့် အသုပ်သည်ဆီပြေးသွားသဖြင့် သူလက်ဆွဲတားရသည်။

"အသုပ်တွေမစားပါနဲ့လား သျှင်ရယ်...ဗိုက်တွေနာနေမှဖြင့်...ပြီး...ပြီးတော့ အထဲကပိစိလေးပါထိခိုက်နေဦးမယ်"

"နည်းနည်းပဲစားမှာပါ ဘယ်လိုဖြစ်နေလဲ...ဖယ်...ဖယ် ဟိုမှာစောင့်နေရတာကြာပြီ "

မျက်ခုံးတန်းမဲမဲလေးအောက်၌ မျက်ဝန်းတွေစူးခနဲ သူ့ဆီရောက်လာသဖြင့် မလွှတ်ချင်ဘဲလက်လေး အသာလွှတ်ပေးလိုက်ရ၏။

လက်တစ်ဆစ်မကတန်းနေအောင် အသုပ်သည်ဆီပြေးသွားတာများ နောက်ကနေရိုက်ပစ်ချင်စရာ။ပြောမရတဲ့အဆုံးတော့ ရှောက်သီးသုပ်စပ်စပ်ကို အားရပါးရစားနေတာကိုပဲ သူ မကြည်ဖြူပေမယ့် ထိုင်ကြည့်နေရသည်။

ဒေါ်နွယ်နွယ်ထမင်းဝိုင်းရောက်လာတာမြင်မှ ဦးအားကိုးတကြီးလှမ်းကြည့်၍ မကုန်တတ်သေးတဲ့အသုပ်ပန်းကန်ကို မျက်နှာရိပ်မျက်နှာကဲဖြင့်ပြရသည်။ပြီးတော့ ဘေးဘီကိုဝေ့ဝဲကြည့်ကာ အသံတိတ်အချက်ပြလိုက်တဲ့သူ့ကို လူမိမှာလည်းဆိုးရသေးနှင့် ရင်တမမပင်။

"အယ်...ဒီကလေးနှယ်...အစပ်တွေအရမ်းမစားနဲ့လေ
နွေးနွေး...ဒါတွေလာသိမ်းလိုက်ဦး"

"ဟုတ်ကဲ့..."

"အာ...မေမေကလည်း သျှင်စားဦးမယ်"

🌼ဇနီးချော၏အမိန့်🌼حيث تعيش القصص. اكتشف الآن